ပါဝင်ပစ္စည်းများ
တို့ဟူး – ၃၀၀ ဂရမ် (ဂျပန်ပဲပြား အဖြူ)
ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်သီး (အကြမ်းမှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း တ၀က်
ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ရေအနည်းငယ်ဖြင့် ရောဖျော်ထားပါ)
ရေ – ခွက် ၄ပုံ၁ပုံ
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး တို့ဟူးကို အ၀တ်သန့်တစ်ခုဖြင့် အုပ်ပြီ အပေါ်မှ ပန်းကန်ပြားတစ်ချပ် တင်ကာ မိနစ် ၂၀ခန့် ရေစစ်ထားပေးပါ။
၂။ တို့ဟူး ရေစစ်ပြီလျှင် အလယ်မှ ဓားဖြင့် ထက်ခြမ်းခြမ်းပါ။ ပြီမှ အရှည်လိုက် ၄ပိုင်းပိုင်းပြီ အလျားလိုက် ၄ပိုင်ပိုင်းကာ အတုံးလေးများ တုံးပေးပါ။
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့် ဆီပူလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၂။ ပြီလျှင် ငရုတ်သီး(အကြမ်းမှုန့်)၊ မုန်လာဥနီ၊ ပဲသီး ထည့်ပြီ မိနစ်ဝက်ခန့် ရောမွှေပါ။
၃။ ထို့နောက် ရေ၊ ခရုဆီ၊ တို့ဟူး ထည့်ကာ အသာလေး ရောမွှေပေးပါ။
၎။ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့် ဖြူးပေးပြီ နောက်ဆုံးမှ နှမ်းဆီဖြူးပေးပါ။
၅။ အရသာ အနေတော်လျှင် ကြက်သွန်မြိတ်၊ မဆလာ ဖြူး၊ ကော်ရည် လောင်းထည့်ပြီ မီးပိတ်လိုက်ပါ။
၆။ မဆလာ အနံ့သင်းသင်းလေးနဲ့ တို့ဟူး နှင့် ဟင်းရွက်စုံကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
Wutyee Food House

မှတ်ချက်များ