အဲဒီဓမ္မပြုကျင့်ခဲ့သူအမျိုးသားဟာ ကလေးမလေးနှစ်ဦးကို အရက်တိုက်ခဲ့ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့နယ်ရဲစခန်းက စခန်းမှူး ဦးတင်ထွန်းက ခုလို ရှင်းပြပါတယ်။
“ညနေငါးနာရီလောက်မှာ သူတို့ချမ်းတယ် အဲ့တော့ အရက်ဆိုင်ရှေ့ရပ်တယ် အရက်သောက်တယ်ပဲ ထားပါတော့ အရက်သောက်တယ် အဲဒီမှာ တရာခံရဲ့ ပြောပြချက်၊ အသက်မသေဘဲကျန်ခဲ့တဲ့ ကောင်မလေး ရဲ့ ပြောပြချက်အရဆိုရင် အရက်နှစ်ပြားပေါ့ နှစ်ပြားဆိုတော့ တစ်ပြားကိုရှစ်ပက်၊ နှစ်ပြားဆိုတော့ ၁၆ ပက်၊ အဲဒါကို ဘီယာတစ်ဗူးရယ်၊ လက်ဖက်သုပ် ရယ်စားကြ သောက်ကြတယ်။”

လက်ရှိအချိန်မှာတော့ အဓမ္မကျင့်ခဲ့သူအမျိုးသားကို ဒိုက်ဦးမြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူထား ကြောင်း မြစ်မခသတင်းအရ သိရပါတယ်။
Radio Australia - Myanmar
Radio Australia - Myanmar

မှတ်ချက်များ