အထူးသဖြင့်တော့ ဦးဝင်းတင် ၁၉၈၈ ခုနှစ် နောက် ပိုင်း နိုင်ငံရေး လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာ၊ NLD ပါတီရဲ့ အဓိက ထူထောင်သူ ထဲမှာ ပါဝင်တာ၊ နောက်ပြီး အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ ၁၉၈၉ ခုနှစ်က စစ်ထောက်လှမ်းရေးတွေ ဖမ်းဆီးပြီး ထောင်ချပစ်တာ၊ ထောင်ထဲမှာ နောက်ထပ် ထောင်ဒဏ်တွေ ထပ်တိုး ချမှတ်တာ စတာတွေကို ထိန်ချန် သွားခဲ့ပြီး ၂၀၁၄ ခုနှစ်ကို တန်းရောက်သွားပါတယ်။
တဖက်က လူအများ အလွန်ကြည်ညိုတဲ့ ထင်ရှားတဲ့သူဖြစ်တာကြောင့် သတင်းတပုဒ်အဖြစ် အသိအ မှတ်ပြု ကြေညာသွားခဲ့ပေမယ့် ဦးဝင်းတင်ကို အဓိက လူတွေ လေးစားကြည်ညိုကြတဲ့ ဖမ်းဆီး ထောင် ချခံရမှုနဲ့ ညှင်းပန်း နှိပ်စက်ခံတဲ့ အပိုင်းတွေကို ထိန်ချန်ထားတဲ့အပေါ် ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်း ကလည်း ဝေဖန်ပြောဆိုနေတယ်လို့ သိရပါတယ်။
ဧရာဝတီ

မှတ်ချက်များ