အိမ်ထောင်ရှိယောင်္ကျားတစ်ယောက်နဲ့ တွဲနေတဲ့ နာမည်ကြီးမင်းသမီး

မင်းသမီး Lindsay Lohan ဟာအိမ်ထောင်ရှိပြီး သားလူတစ်ယောက် နဲ့တွဲနေတယ်လို့ဆိုပါတယ်။

မကြာသေးခင်က လမစေ့ကိုယ်ဝန်ပျက်ကျမှုကို ခံစားခဲ့ရတဲ့ Lindsay ဟာ ဧပြီလ ၁၁ ရက်နေ့က ကျင်းပတဲ့ Music and Arts ပွဲတော်မှာ Vodka အရက်နဲ့ Ecstasy မူးယစ်ဆေးတွေ သုံးစွဲထားတဲ့ အရှိန်နဲ့ သူမရဲ့တိတ်တိန်ပုန်းဇာတ်လမ်းအကြောင်း ဖွင့်ဟခဲ့တယ်လို့ အတည်မပြုနိုင်တဲ့သတင်းတွေအရ သိရပါတယ်။

‘အိုး။ ကျွန်မနဲ့တွဲနေတဲ့သူက ကျွန်မနဲ့တွေ့ချင်တဲ့အတွက် ဂျက်လေယဉ်တစ်စီးလွှတ်လိုက်တယ်။ ဒါပေမယ့်သူက အိမ်ထောင်နဲ့ကလေးတွေရှိပါတယ်’ လို့ Lindsay က KODE မဂ္ဂဇင်းကိုပြောပါတယ်။

အဲဒီ့နှစ်စဉ်ကျင်းပတဲ့ပွဲတော်ကို California ပြည်နယ် Indio မှာကျင်းပခဲ့တာဖြစ်ပြီး အဆိုပါ KODE မဂ္ဂဇင်းက Linsay ပွဲတက်ရောက်ခဲ့တဲ့ ပွဲတော်ရဲ့ပထမ ရက်သတ္တပတ်အကြောင်းဖေါ်ပြခဲ့ပါတယ်။ အဲဒီ့အထဲမှာ ပြန်လည်ထူထောင်ရေးစင်တာကထွက်လာပြီးအချိန်ကတည်းက အမှားကျူးလွန်ခဲ့မိပြီး ၀ိုင်တစ်ခွက်သောက်သုံးခဲ့မိတယ်လို့ ၀န်ခံထားတဲ့ Lindsay ဟာ အရက်ကို လွတ်လွတ်လပ်လပ် သောက်သုံးနေခဲ့ပြီး မူးယစ်ဆေးဝါးတွေလဲသုံးစွဲခဲ့ကြောင်း The Kurator အမည်ရတဲ့သတင်းထောက်က ဆိုပါတယ်။ ဒါပေမယ့် Lindsay တစ်ယောက် အရက်စွဲနေသူမဟုတ်ကြောင်း ငြင်းဆန်ခဲ့တယ်လို့လဲဆိုပါတယ်။



Trend Myanmar

မှတ်ချက်များ