တောင်ကိုးရီးယား စဲဝေါ်လ် သင်္ဘော နစ်မြုပ်ရခြင်း အကြောင်းများ ထပ်မံ ပေါ်ပေါက်လာ

၁။ ကုန်တင်ကားရဲ့ အလေးချိန်ကို သေချာစွာ မစစ်ဆေးခြင်း။
၂။ ကုန်တင်ကားများကို သင်္ဘောပေါ်တွင် သံကြိုး များဖြင့် လေးဘက်လေလံ ချည်နှောင်ထားရပေမယ့် အရှေ့ အနောက် နှစ်ကြိုးသား ချည်နှောင်ထားခြင်း။
၃။ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာကို မေးမြန်းတဲ့အ ခါ စက်ချို့ယွင်းမှုကြောင့် ရုတ်တရက် ကွေ့လိုက် ရကြောင်း။
၎။ ကပ္ပတိန်က သင်္ဘော မှောက်ခါနီးအချိန်တွင် အိပ်ခန်းသို့ ၀င်ရောက်နေခြင်း၊ ကပ္ပတိန်ရဲ့ အမိန့်ကို နာခံခြင်း သိပ်မရှိခြင်းဟုဆို။

မနေ့က သင်္ဘော ကပ္ပိတိန်၊ စက် အင်ဂျင်နီယာနဲ့ ၀န်ထမ်း တစ်ဦး။ ပေါင်း သုံးဦးကို ဖမ်းမိန့်ထုတ် ဖမ်းဆီး လိုက်ပါပြီ။

ယနေ့ နံနက်ပိုင်း ရာသီဥတုအခြေအနေမှာ လေပြင်းများ တိုက်ခိုက်နိုင်သဖြင့် ကယ်ဆယ်ရေး သင်္ဘောတွေဟာ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းများကို တိုင်ပင်နေကြောင်း၊

ယခု အချိန်မှာ သင်္ဘောထဲတွင် အလောင်း ၁၀လောင်းတွေ့ရှိရကြောင်း၊ သင်္ဘောထဲသို့ ၀င်ရန် ခက်ခဲနေသေးကြောင်း၊အခုအချိန်အထိ သေဆုံးသူ ၄၆ ဦးရှိပါပြီ။

ကျန်ရစ်သူ မိသားစုများက ကိုရီးယား အစိုးရရဲ့ လုပ်ဆောင်မှုတွေကို သိပ်အားရခြင်း မရလို့ ယနေ့ နံနက်ပိုင်းမှာ သမတ အိမ်ပြာတော်သို့ ချီတက် ဆန္ဒပြ တောင်းဆိုနေကြောင်း သိရပါတယ။်

နစ်မြုပ်နေသော သင်္ဘောကို ဆယ်ယူ ကယ်ဆယ်နိုင်ရန်အတွက် ၂၄ နာရီ လုပ်ဆောင် ပေးလျက် ရှိနေသလို ကိုရီးယား ရုပ်မြင်သံကြားက နစ်မြုပ်နေသော သင်္ဘောကို ကယ်ဆယ်၊ ဆယ်ယူမယ့် အခြေအနေများကို ဆက်တိုက် ထုတ်လွှင့် ပြသနေပါတယ်။

Kyaw Zin Facebook

မှတ်ချက်များ