ဒါ့ကြောင့် ရှက်စိတ်၊ ကြောက်စိတ်နဲ့ စိတ်ဓါတ်ကျခြင်းများက သူမ ကို သတ်သေစေခဲ့ပါတယ်။ သူမရဲ့ အဖြစ်အပျက် အကြောင်း အရာ အစုံအလင်ကို သူမ ဗွီဒီယို ရိုက်ကူးကာ Youtube မှာ တင်ခဲ့ပြီးနောက် သူမကို သူမ အဆုံးစီရင်ခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုကို တစ်ကမ္ဘာလုံးမှ လူသန်းပေါင်းများစွာ ကြည့်ရှုခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ ၂၀၁၂ ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့ပြီး အဆိုပါ ခြိမ်းခြောက် ကျူးလွန်ခဲ့သူ ဒပ်ဂ်ျအမျိုးသားတစ်ဦးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ သူကျူးလွန်ခဲ့ခြင်း မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အဆိုပါ တရားခံကို နယ်သာလန် နိုင်ငံမှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး အရွယ်မရောက်သေးသူ၏ မဖွယ်မရာပုံများကို ပိုင်ဆိုင်ထားမှု၊ ခြိမ်းခြောက် အကိုင်ကျပ်မှု အစရှိတဲ့ ပြစ်မှုများနဲ့ အရေးယူသွားမယ်လို့ ကနေဒီယန်ရဲများ က ပြောပါတယ်။
အဆိုပါ ဖမ်းဆီးရမိသူကိုတော့ အမေရိကန်၊ ဗြိတိန်နဲ့ နယ်သာလန်တို့မှာ ဖြစ်ပျက်ခဲ့တဲ့ နောက်ကွယ်ကနေ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေအတွက်လည်း သံသယရှိကြောင်း ကနေဒါရဲများက ဆိုပါတယ်။ ဖမ်းဆီးမိသူ အမျိုးသားကိုတော့ နာမည်ထုတ်ဖော်ခြင်း မရှိသေးဘဲ အသက် ၃၅နှစ် ဖြစ်ပြီး ဒပ်ဂ်ျနှင့် တူရကီ နှစ်နိုင်ငံမှ နိင်ငံသား ဖြစ်ကြောင်းသာ သိရပါတယ်။
သူ့ကိုတော့ ဇန်န၀ါရီလမှာ မသင်္ကာမှုနဲ့ သူနေထိုင်ရာ Oisterwijk မှ နေအိမ်မှာ ဖမ်းဆီးပြီး စောင့်ကြည့် ခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ တစ်ဦးတည်းနေထိုင်သူ ဖြစ်ပြီး ဇနီးနဲ့ ကလေးတွေမရှိဘူးလို့လဲ သိရပါတယ်။
ဒပ်ဂ်ျမှ စုံစမ်းရေး အဖွဲ့များကတော့ ယခု ဖမ်းဆီးမိသူသည် British Columbia မှ အသက် ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦးကိုလည်း ယခုကဲ့သို့ ကျူးလွန်ဖူးကြောင်း အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် အရွယ်မရောက်သေးတဲ့ ယောက်ျားလေးများကိုလည်း ထိုနည်းတူ ခြိမ်းခြောက် အကျပ်ကိုင်ခဲ့ ဖူးကြောင်း သိရပါတယ်။ အောက်မှာတော့ Amanda Todd မသေဆုံးခင် သူမအကြောင်း ပြောပြထားတဲ့ ဗွီဒီယိုကို တွေ့ရမှာ ဖြစ်ပါတယ်
World Myanmar

မှတ်ချက်များ