အစိုးရတပ်နှင့် KIA တိုက်ပွဲရှေ့တန်းမှ လူငယ်(၄)ဦး ထွက်ပြေးလာ

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မိုးညှင်း မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်တို့မှ KIA၏ တပ်သား သစ် စုဆောင်းခြင်း ခံခဲ့ရသော ဒေသခံလူငယ်(၄) ဦးဖြစ် တဲ့ မောင်စိုးထွဋ်၊ မောင်ထွန်းထွန်းနိုင်၊
မောင်အောင်စိုးဦး၊ မောင်ငွါးထား တို့သည် ဧပြီလ (၁၈) ရက်နေ့တွင် အစိုးရတပ်နှင့် KIA တို့ ဖြစ် ပွားနေသော တိုက်ပွဲရှေ့တန်းမှ ထွက်ပြေး လာခဲ့တယ်လို့ သိရှိရသည်။

ထွက်ပြေးလာတဲ့ ဒေသခံလူငယ်(၄)ဦးကို ဦးဝင်းနောင်ဦးဆောင်သော ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာအထိ သွားရောက်ခေါ်ဆောင်ခဲ့ပြီး KIA မှ ဒေသခံလူငယ်များ ထွက်ပြေးလာကြောင်းကို ၄င်းလူငယ်များက မိဘများထံအကြောင်းကြားရာမှတဆင့် ကြားသိရ၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က သွားရောက်ခေါ်ဆောင်ခဲ့ကာ မိဘများနှင့် တွေ့ဆုံအပ်နှံခြင်း၊ နိုင်ငံတော်အစိုးရ အား တရားဝင် အသိပေးခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ဧပြီလ (၁၉)ရက်နေ့တွင်တော့ မြစ်ကြီးနားမြို့၊ စရဖတပ်သို့ သွားရောက်အပ်နှံမယ်လို့လည်း ရှမ်းရေးရာအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းနောင်က ပြောဆိုသည်။

အဆိုပါ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ပြီးခဲ့တဲ့ ဧပြီလ(၁၃)ရက်နေ့ကစလို့ အစိုးရတပ်နှင့် KIAအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေလျက်ရှိရာ ၄င်းတိုက်ပွဲရှေ့တန်းမှ (၁) မောင်စိုးထွဋ် အသက်(၂၆)နှစ်၊ အဖ-ဦးအောင်ပု၊ (၂) မောင်ထွန်းထွန်းနိုင် အသက်(၂၃)၊ အဖ-ဦးခင်ရှိန်၊ (၃) မောင်အောင်စိုးဦး အသက်(၁၉)နှစ်၊ အဖ-ဦးတင်ဦး၊ ဘုံချောင်းကျေးရွာ၊ မိုးညှင်းမြို့နယ်နှင့် (၄) မောင်ငွါးထား၊ အဖ-ဦးဂွန်အောင်၊ ၀ူယန်ကျေးရွာ၊ ၀ိုင်းမော်မြို့နယ်တို့ ထွက်ပြေးလာခဲ့ပြီး မိုးညှင်းမြို့နယ်၊ ဘုံချောင်းကျေးရွာက ဒေသခံရှမ်းလူငယ်(၃)ဦးကိုတော့ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ရှငေါ်ရွာမှာ ရွှေလုပ်သွားရင်း KIA ရဲ့ တပ်သားသစ်စုဆောင်းရေးအနေနဲ့ ဖမ်းဆီးစုဆောင်းခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါသည်။

ဧရာဝတီမြစ်ဖျားဆီက

မှတ်ချက်များ