Samsung ဖုန်းတွေအတွက် အသစ်ထုတ်လိုက်တဲ့ Milk Music

Samsung ဟာ “Milk Music” ကို မတ်လ ၇ရက်နေ့ ညနေမှာပဲ ထုတ်ပေးလိုက်ပါတယ်။ “Milk Muisc” ဆိုတာကတော့ သီချင်းတွေကို streaming လုပ်ပေး တဲ့ ၀န်ဆောင်မှု တစ်ရပ်ပါပဲ။ Slacker Radio ကရေး ဆွဲပေးခဲ့တာပါ။ App ဒီဇိုင်းပိုင်းမှာ တူစရာတစ်ခုမှ မရှိပါဘူး။ ဒါပေမဲ့ Slacker နဲ့နီးစပ်သူတချို့ကတော့ တူတာလေးတွေကို သတိပြုမိပါလိမ့်မယ်။ playlists နဲ့ features တချို့ပိုင်းတွေမှာပေါ့။ ဒါပေမဲ့ Slacker ဟာ Samsungရဲ့ Milk Music ကို ရေးဆွဲပေးထား တာဆိုတော့ မကောင်းပြောစရာ မရှိတော့ ပါဘူး။ ကျွန်တော်တို့လည်း Slacker ၀န်ဆောင်မှုကို ကြိုက်တဲ့ ပရိသတ်တွေကိုး။

နောက်ခံ ပန်းချီလုပ်ထားတဲ့ ဒီဇိုင်းက မဆိုးဘူးလို့ မြင်မိတယ်။ လမ်းကြောင်းပြ ရတာလဲလွယ်တယ်။ စက်ဝိုင်းပုံ interface ပါတော့ လွဲချော်သွားတာမျိုး မဖြစ်တော့ဘူးပေါ့။ ပြီးတော့ စက်ဝိုင်းရဲ့ အ၀န်းတစ်ခုလုံးမှာ link တွေကို ရှာတွေ့မှာပေါ့။ အဲ့ဒီ့ link တွေဟာ သီချင်းအမျိုးအစားတွေပဲ။ ကိုယ်ကြိုက်တဲ့ genre (သီချင်းအမျိုးအစား) ကို ထောက်လိုက်။ ပြီးရင် အောက်နားက play ခလုတ်နဲ့ ဖွင့်နိုင်ပါတယ်။

Play ခလုတ်ရဲ့ဘေးမှာ menu ရှိတယ်။ menu ထဲမှာ ကိုယ်ကြိုက်တဲ့ သီချင်းတွေ၊ ဖယ်ထားချင်တဲ့ သီချင်းတွေ၊ ထပ်ထည့်ထားချင်တဲ့ သီချင်းတွေ စတာတွေကို စိတ်ကြိုက် ပြင်လို့ရတယ်။

Milk Musicဟာ ရေဒီယို လိုင်းပေါင်း ၂၀၀ ကျော်ကို ပေးထားပါတယ်။ ဒီဝန်ဆောင်မှုကို အခမဲ့ ရရှိနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ အတွင်းမှာလည်း ကြော်ငြာ အခမဲ့ ထည့်သွင်းနိုင်ပါသေးတယ်။ သင့်မှာ Galaxy ဖုန်းတစ်လုံးရှိတယ်ဆိုရင် အခမဲ့ Milk Music ကို သုံးလို့ရပါတယ်။

သီဟနိုင် | Trend Myanmar

မှတ်ချက်များ