ဒေါ်လာ (၃) ဘီလီယံဖြင့် Apple သည် Beats ကို ၀ယ်ယူ
နားကြပ်ဖုန်းတွေနဲ့ ဈေးကွက်ထဲမှာ ထိုးဖော်ဦးဆောင်နေတဲ့ Beats By Dre ကို Apple က အမေရိကန်ဒေါ် လာ (၃) ဘီလီယံဖြင့် ၀ယ်ယူလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ အခုမှာ ဗြန်းကနဲ့ ၀ယ်ယူလိုက် တာတော့ မဟုတ်ပါဘူး။ အရင် သတင်းစကားတွေက ပြောနေကြတဲ့ Apple က Beats ကို ၀ယ်ယူချင်နေ တယ်ဆိုတဲ့ စကားက အခုတော့ မှန်ကန်သွားခဲ့ပါတယ်။ တစ်နေ့က Code Conference မှာ Apple စီနီယာ VP Eddy Cue နဲ့ Beats ရဲ့ CEO နဲ့ တွဲဖက် တည်ထောင်သူ Jimmy Iovineတို့ ထိုသတင်းကိုအတည်ပြု ဖို့ ဆွေးနွေးနေခဲ့ကြပါတယ်။ သူတို့ဟာ အလုပ်အတူလုပ်ကြဖို့ အရင်ကတည်းက ဆန္ဒရှိခဲ့တာဖြစ်ပါတယ်။ စာချုပ်တွေနဲ့ ကုမ္ပဏီနှစ်ခုဟာ နှစ် ဆယ်စုနှစ်နီးပါး ရှိနေခဲ့ကြပါတယ်။ Apple က Cue ရဲ့ ပြောကြားချက်အ ရ ယခုလို ၀ယ်ယူခဲ့ခြင်းမှာ Beats ဟာApple အတွက် မှန်ကန်ကောင်းမွန်တဲ့ ပြည့်စုံခြင်းတွေ ဖြစ်စေပါ မယ်။
ကောင်းမွန်ပြောင်မြောက်တဲ့ သီချင်းသံတွေနဲ့ အရမ်းကောင်းတဲ့ နားကြပ်တစ်ခုဖြစ်လို့ပါ။ နောက်ပြီး Cue ဟာ Apple သည် Beats နားကြပ်ဖုန်းရဲ့ စပီကာတွေကို စိတ်ဝင်စားနေတယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။
အခု နှစ်တစ်ဝက်နီးပါးနဲ့ နောက်နှစ် 2015 နှစ်အကုန်ထိကိုတော့ Beats ဟာ HP Brand နဲ့ စာချုပ်တွေ ချုပ်ထားတဲ့အတွက် HP ဟာ Beats ရဲ့ products တွေကို သူရဲ့ Laptop , Desktop နဲ့
Tablet တွေမှာ တွေ့မြင်ကြရဦးမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဒါဟာ ပြောင်းလွယ် ပြင်လွယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။
Aung Heine

မှတ်ချက်များ