အိမ့္ခ်စ္ကို ေတာင္းပန္လိုက္ရတဲ့ အေၾကာင္း ေျပာလာတဲ့ ခိုင္သင္းၾကည္
Zawgyi ျဖင့္ဖတ္ရန္
လတ္တေလာ ျမန္မာႏိုင္ငံမွာ Myanmar Idol နဲ႔ အၿပိဳင္ ေရပန္းစားေနတဲ့ တီဗြီအစီအစဥ္တစ္ခုျဖစ္တဲ့ The Mask Singer Myanmar ဟာဆိုရင္ ပရိသတ္ေတြ ႏွစ္သက္တဲ့ အစီအစဥ္တစ္ခုလည္းျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ ဒိုင္ျဖစ္သူမ်ားကလည္းပရိတ္သတ္ရဲ႕ အခ်စ္ေတာ္ေတြျဖစ္တဲ့ ထြန္းထြန္း ၊ ခိုင္သင္းၾကည္ ၊ အ႐ိုင္း တို႔ပဲ မဟုတ္လား။ သူတို႔ အားလုံးဟာ စေနာက္တတ္တဲ့ သူေတြျဖစ္သလို ၊ အစသန္ၿပီးစိတ္မဆိုးတတ္သူေတြလည္းျဖစ္ပါတယ္။
သူတို႔ဟာ အစီအစဥ္မွာေတာ့ Cele စုံေထာက္ေတြ အျဖစ္ မ်က္ႏွာဖုံးပိုင္ရွင္ အသံရွင္ေတြကို ခန္႔္မွန္းေဖာ္ထုတ္ၾကရတာျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔ခန႔္မွန္းခ်က္ေတြကလည္း အခြိ တစ္လိုင္းျဖစ္ေအာင္ တင္ဆက္ခန႔္မွန္းရတာဆိုေတာ့ အခ်ိဳ႕စကားလုံးေလးေတြဟာ မရင္းႏွီးသူေတြအၾကားမွာ စိတ္ခုစရာေလးေတြလည္းျဖစ္တတ္ပါတယ္ေနာ္။
ဒီအေၾကာင္းနဲ႔ ပတ္သတ္ၿပီးေတာ့ ခိုင္းသင္းၾကည္က အိမ့္ခ်စ္က အဲ့ေလာက္မကိတ္ဘူးလို႔ ေျပာခဲ့မိတာေၾကာင့္ အိမ့္ခ်စ္နဲ႔ေတြ႕တဲ့အခါမွာ အိမ့္ခ်စ္က ျပန္ၾကပ္ေနတာမို႔ ေတာင္းပန္လိုက္ရတယ္လို႔ ဆိုပါတယ္။ ဒါက စိတ္ဆိုးတာမ်ိဳးမဟုတ္ပါဘူး။သူတို႔ခ်င္း
ရင္းႏွီးခင္မင္မႈအရ စေနာက္ၾကတာျဖစ္ပါတယ္ေနာ္။
ဒါ့အျပင္ ခိုင္သင္ၾကည္က သ႐ုပ္ေဆာင္ ေအးျမတ္သူကိုလည္း ေမ်ာက္မူးလဲလို႔ စေနာက္ခဲ့ပါေသးတယ္။ ေအးျမတ္သူကလည္း စိတ္ဆိုးတတ္တဲ့သူမဟုတ္ပဲ အျပင္မွာလည္း ခင္မင္ၾကသူေတြမို႔ ေျပာရဲတာလို႔လည္းသူကဆိုပါတယ္။ သူမ အခုလို ေျပာမွားဆိုမွားတာေတြရွိခဲ့ရင္လည္း ပရိသတ္ႀကီးအေနနဲ႔ ခြင့္လႊတ္ေပးဖို႔ ခိုင္သင္းၾကည္က ေတာင္းပန္စကားဆိုပါတယ္။
share from:shweyaunglan
Unicode ဖြင့်ဖတ်ရန်
အိမ့်ချစ်ကို တောင်းပန်လိုက်ရတဲ့ အကြောင်း ပြောလာတဲ့ ခိုင်သင်းကြည်
လတ်တလော မြန်မာနိုင်ငံမှာ Myanmar Idol နဲ့ အပြိုင် ရေပန်းစားနေတဲ့ တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ The Mask Singer Myanmar ဟာဆိုရင် ပရိသတ်တွေ နှစ်သက်တဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ဒိုင်ဖြစ်သူများကလည်း
ပရိတ်သတ်ရဲ့ အချစ်တော်တွေဖြစ်တဲ့ ထွန်းထွန်း ၊ ခိုင်သင်းကြည် ၊ အရိုင်း တို့ပဲ မဟုတ်လား။ သူတို့ အားလုံးဟာ စနောက်တတ်တဲ့ သူတွေဖြစ်သလို ၊ အစသန်ပြီးစိတ်မဆိုးတတ်သူတွေလည်းဖြစ်ပါတယ်။
သူတို့ဟာ အစီအစဉ်မှာတော့ Cele စုံထောက်တွေ အဖြစ် မျက်နှာဖုံးပိုင်ရှင် အသံရှင်တွေကို ခန့်မှန်းဖော်ထုတ်ကြရတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ခန့်မှန်းချက်တွေကလည်း အခွိ တစ်လိုင်းဖြစ်အောင် တင်ဆက်ခန့်မှန်းရတာဆိုတော့ အချို့စကားလုံးလေးတွေဟာ မရင်းနှီးသူတွေအကြားမှာ စိတ်ခုစရာလေးတွေလည်းဖြစ်တတ်ပါတယ်နော်။
ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့ ခိုင်းသင်းကြည်က အိမ့်ချစ်က အဲ့လောက်မကိတ်ဘူးလို့ ပြောခဲ့မိတာကြောင့် အိမ့်ချစ်နဲ့တွေ့တဲ့အခါမှာ အိမ့်ချစ်က ပြန်ကြပ်နေတာမို့ တောင်းပန်လိုက်ရတယ်လို့ ဆိုပါတယ်။ ဒါက စိတ်ဆိုးတာမျိုးမဟုတ်ပါဘူး။သူတို့ချင်း
ရင်းနှီးခင်မင်မှုအရ စနောက်ကြတာဖြစ်ပါတယ်နော်။
ဒါ့အပြင် ခိုင်သင်ကြည်က သရုပ်ဆောင် အေးမြတ်သူကိုလည်း မျောက်မူးလဲလို့ စနောက်ခဲ့ပါသေးတယ်။ အေးမြတ်သူကလည်း စိတ်ဆိုးတတ်တဲ့သူမဟုတ်ပဲ အပြင်မှာလည်း ခင်မင်ကြသူတွေမို့ ပြောရဲတာလို့လည်းသူကဆိုပါတယ်။ သူမ အခုလို ပြောမှားဆိုမှားတာတွေရှိခဲ့ရင်လည်း ပရိသတ်ကြီးအနေနဲ့ ခွင့်လွှတ်ပေးဖို့ ခိုင်သင်းကြည်က တောင်းပန်စကားဆိုပါတယ်။
share from:shweyaunglan

မှတ်ချက်များ