အနံ႔ခံထူးခြၽန္သည့္ ေခြးေလးစကမ့္ အသက္အႏၲရာယ္ၿခိမ္းေျခာက္ခံေနရၿပီး မူးယစ္ဂိုဏ္းက ဆုေၾကးထုတ္ထား
Zawgyi ျဖင့္ဖတ္ရန္
စကမ့္လို႔ေခၚတဲ့ အနံ႔ခံေခြးေလးဟာ အနံ႔ခံရာမွာထူးခြၽန္လြန္းတာေၾကာင့္ သူ႔အား ဖမ္းႏိုင္သူကို ေဒၚလာ ၃၂၀၀၀ ေပးမယ္လို႔ ဆုေၾကးေငြထုတ္ခံထားရေၾကာင္း OC သတင္းမွာ ေဖာ္ျပပါတယ္။
စကမ့္ဟာ English Springer Spaniel အမ်ိဳးအစားေခြးေလးျဖစ္ၿပီး အနံ႔ခံေခြးအျဖစ္ လြန္ခဲ့တဲ့ ငါးႏွစ္က အဂၤလန္ႏိုင္ငံ ပန္ဘ႐ြတ္ရႈိင္းယား ေဒသမွာ စတင္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။
ဒီငါးႏွစ္အတြင္းမွာ စကမ့္ဟာ ေပါင္ ၆ သန္း (ေဒၚလာ ရ ဒသမ ၈) သန္းတန္ေၾကးရွိတဲ့ တရားမဝင္ ေဆး႐ြက္ႀကီးေတြကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး သူ႔စြမ္းေဆာင္ရည္က ေဆး႐ြက္ႀကီး ေမွာင္ခိုတင္သြင္းတဲ့ ဂိုဏ္းေတြအတြက္ ေခါင္းခဲစရာျဖစ္ခဲ့ပါတယ္။
သူ႔အနံ႔ခံစြမ္းရည္ကို ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ေမွာင္ခိုႏွိမ္နင္းေရးအဖြဲ႕ေတြက အထူးႏွစ္သက္ၾကေပမယ့္ ေမွာင္ခိုသမားေတြကေတာ့ အလြန္ကို မုန္းတီးလ်က္ရွိပါတယ္။
“ၿပီးခဲ့တဲ့ႏွစ္က စကမ့္ကို ႏိုင္ငံတြင္းက ေနရာတခုမွာ တာဝန္ထမ္းေဆာင္ေစတာကို ရပ္နားလိုက္ရပါတယ္။ အေၾကာင္းကေတာ့ သူ႔ကိုဖမ္းႏိုင္တဲ့သူကို ေပါင္ ၂၅၀၀၀ ေပးမယ္လို႔ ဆုေၾကးေငြထုတ္လိုက္လို႔ပဲျဖစ္ပါတယ္” လို႔ အနံ႔ခံေခြးေလ့က်င့္ေရး ေက်ာင္းဖြင့္ထားသူ စတာ့ဖီးလစ္ကေျပာပါတယ္။
ဒီဆုေၾကးထုတ္တာက ေမွာင္ခိုအဖြဲ႕ေတြနဲ႔ ပတ္သက္ေနတယ္လို႔ ယူဆရၿပီး ဆုေၾကးေငြ ထုတ္ခံထားရတယ္ဆိုတာကို သက္ဆိုင္ရာ တာဝန္ရွိသူေတြကလည္း အတည္ျပဳေပးတယ္လို႔ ဆိုပါတယ္။
အနံ႔ခံေခြးေတြေၾကာင့္ ေမွာင္ခိုအဖြဲ႕ေတြဟာ ေတာ္ေတာ္ေလးအထိ နာေနၿပီး သူ႔ကိုလည္း အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ေနတယ္လို႔ ဖိလစ္က ဆိုပါတယ္။
စကမ့္ဟာ ထူးျခားတဲ့ အနံ႔ခံစြမ္းရည္ေၾကာင့္ ထူးထူးျခားျခား ဆုေၾကးေငြထုတ္ခံထားရတဲ့ ေခြးေလးေတြထဲက တေကာင္ျဖစ္ၿပီး သူ႔မတိုင္ခင္ ဆြမ္ဘရာဆိုတဲ့ အနံ႔ခံေခြးတစ္ေကာင္ကလည္း ေဒၚလာ ရ၀၀၀၀ ဆုေၾကး ေငြထုတ္ခံထားရတယ္လို႔ သိရပါတယ္။
ဆြမ္ဘရာက ကိုလံဘီယာရဲတပ္ဖြဲ႕ရဲ႕ မူးယစ္ေဆးဝါးအနံ႔ခံေခြးေလးျဖစ္ၿပီး သူ႔ကို ႏိုင္ငံတြင္း မူးယစ္ေဆးဝါး ဂိုဏ္းတခုက ဒီလိုမ်ိဳးဆုေၾကးေငြထုတ္ခဲ့တာလည္း ျဖစ္ပါတယ္။
share from: xyznews
Unicode ဖြင့်ဖတ်ရန်
အနံ့ခံထူးချွန်သည့် ခွေးလေးစကမ့် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရပြီး မူးယစ်ဂိုဏ်းက ဆုကြေးထုတ်ထား
စကမ့်လို့ခေါ်တဲ့ အနံ့ခံခွေးလေးဟာ အနံ့ခံရာမှာထူးချွန်လွန်းတာကြောင့် သူ့အား ဖမ်းနိုင်သူကို ဒေါ်လာ ၃၂၀၀၀ ပေးမယ်လို့ ဆုကြေးငွေထုတ်ခံထားရကြောင်း OC သတင်းမှာ ဖော်ပြပါတယ်။
စကမ့်ဟာ English Springer Spaniel အမျိုးအစားခွေးလေးဖြစ်ပြီး အနံ့ခံခွေးအဖြစ် လွန်ခဲ့တဲ့ ငါးနှစ်က အင်္ဂလန်နိုင်ငံ ပန်ဘရွတ်ရှိုင်းယား ဒေသမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒီငါးနှစ်အတွင်းမှာ စကမ့်ဟာ ပေါင် ၆ သန်း (ဒေါ်လာ ရ ဒသမ ၈) သန်းတန်ကြေးရှိတဲ့ တရားမဝင် ဆေးရွက်ကြီးတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး သူ့စွမ်းဆောင်ရည်က ဆေးရွက်ကြီး မှောင်ခိုတင်သွင်းတဲ့ ဂိုဏ်းတွေအတွက် ခေါင်းခဲစရာဖြစ်ခဲ့ပါတယ်။
သူ့အနံ့ခံစွမ်းရည်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှောင်ခိုနှိမ်နင်းရေးအဖွဲ့တွေက အထူးနှစ်သက်ကြပေမယ့် မှောင်ခိုသမားတွေကတော့ အလွန်ကို မုန်းတီးလျက်ရှိပါတယ်။
“ပြီးခဲ့တဲ့နှစ်က စကမ့်ကို နိုင်ငံတွင်းက နေရာတခုမှာ တာဝန်ထမ်းဆောင်စေတာကို ရပ်နားလိုက်ရပါတယ်။ အကြောင်းကတော့ သူ့ကိုဖမ်းနိုင်တဲ့သူကို ပေါင် ၂၅၀၀၀ ပေးမယ်လို့ ဆုကြေးငွေထုတ်လိုက်လို့ပဲဖြစ်ပါတယ်” လို့ အနံ့ခံခွေးလေ့ကျင့်ရေး ကျောင်းဖွင့်ထားသူ စတာ့ဖီးလစ်ကပြောပါတယ်။
ဒီဆုကြေးထုတ်တာက မှောင်ခိုအဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့ ယူဆရပြီး ဆုကြေးငွေ ထုတ်ခံထားရတယ်ဆိုတာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အတည်ပြုပေးတယ်လို့ ဆိုပါတယ်။
အနံ့ခံခွေးတွေကြောင့် မှောင်ခိုအဖွဲ့တွေဟာ တော်တော်လေးအထိ နာနေပြီး သူ့ကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ဖိလစ်က ဆိုပါတယ်။
စကမ့်ဟာ ထူးခြားတဲ့ အနံ့ခံစွမ်းရည်ကြောင့် ထူးထူးခြားခြား ဆုကြေးငွေထုတ်ခံထားရတဲ့ ခွေးလေးတွေထဲက တကောင်ဖြစ်ပြီး သူ့မတိုင်ခင် ဆွမ်ဘရာဆိုတဲ့ အနံ့ခံခွေးတစ်ကောင်ကလည်း ဒေါ်လာ ရ၀၀၀၀ ဆုကြေး ငွေထုတ်ခံထားရတယ်လို့ သိရပါတယ်။
ဆွမ်ဘရာက ကိုလံဘီယာရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးအနံ့ခံခွေးလေးဖြစ်ပြီး သူ့ကို နိုင်ငံတွင်း မူးယစ်ဆေးဝါး ဂိုဏ်းတခုက ဒီလိုမျိုးဆုကြေးငွေထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
share from: xyznews


မှတ်ချက်များ