(၁) Daily Burn
သင့်ရဲ့ trainer အသစ်နဲ့တွေ့ဆုံပါ။ Daily Burn မှာ Sign Up လုပ်ပြီး ရာပေါင်းများစွာသော လေ့ကျင့်ခန်းလုပ် နည်းတွေကို လေ့လာနိုင်ပါတယ်။ ဘောက်စင်ကနေပြီး ယောဂလိုမျိုး လေ့ကျင့်ခန်းတွေအထိ အမျိုးအစားစုံ လင်စွာရှိပြီး အိမ်ထဲက အိမ်ပြင်မထွက်ပဲ လေ့ကျင့်နိုင်ပါပြီ။ ဒီနေ့အတွက် သင်ပြုလုပ်လိုတဲ့ လေ့ကျင့်ခန်းတစ် ခုကို ရွေးချယ်လိုက်တာနဲ့ လုပ်နည်းနဲ့တကွ သင့်ရဲ့ဖုန်း ၊ iPad ဒါမှမဟုတ် ကွန်ပျူတာမှာ ပေါ်လာမှာဖြစ်ပါ တယ်။
(၂) Fooducate
ဒီ app ကတော့ အလွန်လန်းပါတယ်။ စတိုးဆိုင်တစ်ခုသွားရင် ဒီapp ကိုဖွင့်ထားလိုက်ပါ။ ဒီ appက အမျိုးအမည်တွေကို ခွဲခြားပြီး scan ဖတ်ပြီးတာနဲ့တစ်ပြိုင်နက် ဘယ် အစားအစာကတော့ ကျန်းမာရေးနဲ့ ညီညွတ်တယ် ၊ မညီညွတ်ဘူးဆိုတာတွေကို အဆင့်အတန်းခွဲခြားပြီး ပြသပေးပါလိမ့်မယ်။ ဒါကို free ရယူနိုင်ပါတယ်။
(၃) Gym Pact
ဒါကတော့ သင့်ကို Gym သွားဖို့အတွက် တွန်းအားပေးတဲ့ app တစ်ခုပါ။ အရင်ဆုံး တစ်ပါတ်မှာ Gym ကိုဘယ်နှကြိမ်သွားမယ်လို့ သင်က ၀န်ခံထားရပါမယ်။ အကယ်လို့ သင်ပြောထားတဲ့အတိုင်း မသွားဖြစ်ခဲ့ရင် သင့်ရဲ့ ဘဏ်စာရင်းထဲကနေ ဒီ app က ပိုက်ဆံဖြတ်မှာဖြစ်ပြီး သွားဖြစ်ခဲ့တဲ့အကြိမ်တိုင်းမှာတော့ သင့်ကို ဒေါ်လာ ၁၀ ပေးမှာဖြစ်ပါတယ်။ သင့်ဖုန်းရဲ့ GPS ကို ခြေရာခံပြီးဆုံးဖြတ်မှာဖြစ်လို့ ညာလို့တော့ မရပါဘူး။
(၄) WaterLogged
သင်ဟာ ရေလုံလုံလောက်လောက် သောက်ရဲ့လား။ ရေဆိုတာ ကျန်းမာရေး ၊ ဆံပင်နဲ့ အသားအရေ အတွက် အကောင်းဆုံးဆေးတစ်လက်ပါ။ ဒီ app က သင့်ရဲ့ တစ်နေ့တာရေသောက်နှုန်း သတ်မှတ်ထားတဲ့ စံနှုန်းကို ရောက်မရောက် ခြေရာခံမှာပါ။ တကယ်လို့များ ဒီတစ်နေ့တာ သောက်ဖို့ သတ်မှတ်ထားတဲ့ နှုန်းထက် အင်မတန်နည်းနေရင် သင်ဟာ အန္တရာယ်ရှိ အခြေအနေကို ရောက်နေပြီ ဖြစ်ကြောင်း notification ပေးမှာပဲဖြစ်ပါတယ်။
(၅) Map My Run
သင့်ဖုန်းရဲ့ GPS ကို အသုံးပြုရမှာပါ။ ဒီ app က သင့်ရဲ့ လေ့ကျင့်ခန်းကို အသေးစိတ် record လုပ်ထားပါလိမ့် မယ်။ လေ့ကျင့်ခန်းလုပ်တဲ့ သက်တမ်း ၊ နှုန်း ၊ ကယ်လိုရီ လောင်ကျွမ်းမှုနှုန်း အစရှိတာတွေကို မှတ်ထား မှာဖြစ်ပြီး နောက်တစ်နေ့မှာတော့ သင့်ရဲ့ လေ့ကျင့်ခန်းလုပ်တဲ့နှုန်းကို ဒီ့ထက်ပိုပြီး တိုးမြှင့်နိုင်အောင် ဖော်ပြပေးမှာဖြစ်ပါတယ်။
ဒီ apps လေးတွေ ဖုန်းထဲထည့်ထားရင်တော့ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး လေ့ကျင့်ခန်းမ လုပ်ဖြစ်မှာ မပူရတော့ဘူးပေါ့။
ထက်ဆု | Trend Myanmar





မှတ်ချက်များ