ဘူးသီးတောင်မောင်တော နယ်စပ်လုံခြုံရေး ရဲကား ၄၅ စီး တိုးမြှင့်

ဘူးသီးတောင်နှင့် မောင်တောနယ်စပ်လုံခြုံရေး အသုံးပြုရန်အတွက် ရဲလုပ်ငန်းသုံးကားအစီးရေ (၄၅)စီး တိုးမြှင့် ချထားပေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲတပ်ရင်းများ ကွပ်ကဲမှုဦးစီးဌာနမှ သတင်းရရှိသည်။

‘‘နယ်စပ်လုံခြုံရေးအတွက် ဖွဲ့စည်းပုံအတိုင်းပြည့် မီအောင် ထောက်/ကူပစ္စည်းတွေ ချထားပေးတာပါ။ ပြီးခဲ့တဲ့နှစ်ပတ်လောက်က နယ်စပ်မှာဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့်လည်း လုံခြုံရေးကို တိုးမြှင့် ချထားပါတယ်’’ဟု ရဲတပ်ရင်းများကွပ်ကဲမှုဦးစီးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဘူးသီးတောင်နှင့်မောင်တောနယ်စပ်လုံခြုံရေး ဆောင်ရွက်ရန် နယ်ခြားစောင့်လုံခြုံရေးရဲတပ်ဖွဲ့ဌာနအောက် တွင် တပ်ရင်းလေးရင်းဖြင့်ဖွဲ့စည်းထားပြီး နယ်စပ်ခြံစည်းရိုးတစ်လျှောက် ၂၄ နာရီ ကင်းလှည့်နေကြောင်း အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ရင်းများမှသတင်းရရှိသည်။

နယ်ခြားစောင့်လုံခြုံရေးရဲတပ်ဖွဲ့အတွက် Myanmar Double Cab နှင့် Myanmar Single Cab အမျိုးအစား (၄၅)စီး လက်ခံရန်ရှိသော်လည်း မေလ ၂၇ ရက် အထိ ၃၉ စီး သုံးစွဲနေပြီ ဖြစ်ကြောင်း အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ရင်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အောင်သစ်လွင် | 7daydaily

မှတ်ချက်များ