ထိုင်းတောင်ပိုင်းတွင် ရခိုင်အမျိုးသား တစ်ဦး သေနတ်ပစ်သတ်ခံရ

ကွယ်လွန်သွားသော ကိုကြည်ထွန်း၏ ဓာတ်ပုံ ကိုတွေ့ရစဉ် (ဓာတ်ပုံ - ထိုင်းနိုင်ငံရောက် မြန်မာ များဖေ့စ်ဘွတ်ခ်)

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တစ်ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ကောစမေ ကျွန်း၌ အလုပ် မှပြန်လာသော မြန်မာအမျိုးသားတစ်ဦး သေ နတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

မေလ ၂၁ ရက် ည ၇ နာရီခွဲ တွင် အလုပ်မှပြန်လာသော ရခိုင်တိုင်းရင်းသား အသက် (၂၉) နှစ် အရွယ်ကို ကြည်ထွန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

‘‘အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာ။ လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာပဲ။ ဘယ်သူက ပစ် တာလဲဆို တာ မသိဘူး။ သူသေ နေတာတွေ့မှ သေနတ်နဲ့ အပစ်ခံ ရတာဆိုတာ သိတာ။ ရခိုင်မြေပုံ မြို့နယ် ကုက္ကိုကျေးရွာကပါ’’ ဟု ထိုင်းနိုင်ငံတောင်ပိုင်း ကောစမေ ကျွန်းတွင် နေထိုင်သော ကိုသက် ဇော်မင်းက ပြောသည်။

ကိုကြည်ထွန်းအား သေနတ် ဖြင့် ပစ်သတ်ခံရမှုနှင့်ပတ်သက် ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အလုပ်သ မားရေးရာ သံမှူးဦးသိန်း လွင်သို့ ဆက်သွယ်မေးမြန်းရာဖြေကြားခြင်းမရှိပေ။

သေဆုံးသူ ကိုကြည်ထွန်း အား မေလ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘုပုဘုန်းတော်ကြီးကျောင်း၌မီးသဂြုင်္ိဟ် မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်၌ စစ်တပ်က အာဏာသိမ်းလိုက်ပြီး တစ်နိုင်ငံလုံး ည ၁၀ နာရီမှ နံနက် ၅ နာရီထိ မထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်သောကြောင့် ညပိုင်းအချိန် အလုပ်ဆင်းရ မည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများမှာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်း | 7day daily

မှတ်ချက်များ