ယနေ့ မွန်းလွဲ (၃)နာရီ အချိန်တွင် ပလောင်ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေ သနမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံနှင့် နတ်စင်ကုန် အကြားရဲစခန်း အရှေ့ဘက် (၁)
ဖာလုံ ခန့်အကွာတွင် သီပေါ-နမ့်ဆန်ကားလမ်းအ တိုင်း အမည် စိစစ်ဆဲ အသက် (၂၀)
နှစ်ခန့် အမျိုးသား တစ်ဦး မောင်းနှ င် လာသော ANBO အမျိုး
အစားဆိုင်ကယ်မှာဆိုင်ကယ် အင်ဂျင် အပူရှိန်မြင့်တက်၍ ဓါတ်ဆီ တိုင်ကီ
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၎င်းမှာ ခါးအောက်ပိုင်း ပွင့်ထွက် ဒဏ်ရာ များနှင့်
တစ်ကိုယ်လုံးအား မီးစွဲလောင်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ရာ နေရာတွင်
ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။အဆိုပါ ဆိုင်ကယ်ပေါက်ကွဲ မီးလောင်မှုကြောင့် ၎င်းဆိုင်ကယ် အနီးမှ ဖြတ်သန်း စီးနင်းလာသည့် လက်ဖက်ခူး ဖယန်းကြီး ရွာထိပ်နေသူ ချမ်းသာအောင်သည် ဆိုင်ကယ်ပေါ်မှ လွင့်စင်ကျခဲ့ပြီး ယာဘက်လက်တွင် ပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး နမ့်ဆန်ပြည်သူဆေးရုံသို့ တင်ပို့ကုသမှု ခံယူလျှက်ရှိကြောင်းသိရသည်။
MOI Webportal Myanmar
မှတ်ချက်များ