ဘတ်စ်ကားပေါ်မှာ စပယ်ယာနဲ့ ခရီးသည် အမျိုး သမီးစကားများတာကို စပယ်ယာမှ ဆဲဆိုပုဆိုးလှန်ပြပြီး ၀င်ဆွဲတဲ့ ခရီးသည် အမျိုး သားတစ်ဦးကို ကားပေါ်မှ တွန်းချတဲ့ ဖြစ်ရ

မနေ့ည ၈း၄၅နာရီမှာ ယာဉ်အမှတ် ၃၂၇၀ အမှတ် ၁၂၄ လိုင်းကားပေါ်မှာ စပယ်ယာနဲ့ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသ မီးတစ်ဦး နဲ့ စပယ်ယာ နှစ်ဦးတို့ အခြေအတင် စကားများ တဲ့ အခါ စပယ်ယာကအမျိုးသမီး ကို ဆဲဆိုပြီးပုဆိုးလှန်ပြ တဲ့အတွက် ၀င်ဆွဲတဲ့ သင်ဆွဲတဲ့ ခရီးအမျိုးသားကို ကားပေါ်မှ တွန်းချတဲ့အတွက် ကျန်တဲ့ကားပေါ်ပါလာတဲ့ ခရီးသည်တွေက မကျေမနပ်ဖြစ်ပြီး ၀ိုင်းဝန်းရိုက်နှက် တဲ့အတွက် စပယ်ယာ နှစ်ဦးထွက်ပြေးသွားပြီး လောလော ဆယ်ခရီးသည်တွေက အဲ့သည့်စပယ်ယာ နှစ်ဦးကို အရေးယူပေးဖို့ ကမာရွတ်ရဲစခန်းမှာ အမှုဖွင့်ထားပါ တယ်။

ခရီးသည်အမျိုးသမီးနဲ့ယာဉ်နောက်လိုက် (စပယ်ယာနှစ်ဦး)ဟာ မဟာမြေမှတ်တိုင်မှာအခြေအတင်စကား များတာဖြစ်ပြီးပုဆိုးလှန်ပြပြီး ဆဲဆိုတာ လုပ်တာပါ။ ၀ိုင်းဝန်းဖြန်ဖြေကြတဲ့ ခရီးသည်တွေ ထဲကခရီးသည် အမျိုး သားတစ်ဦးကို ကားပေါ်က တွန်းချလို့ ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေက စပယ်ယာနှစ်ဦး ကို ၀ိုင်းပြီးပြန်ရိုက်ကြတဲ့ အတွက် ဟံသာဝတီအ၀ိုင်းနားမှာ စပယ်ယာ နှစ်ဦးက ထွက်ပြေးသွားတာပါ။

အဲ့သည့်ယာဉ်ပေါ်မှာပါသွားပြီး တိုက်ရိုက်သတင်းပို့နေတဲ့ မော်ဒန်ဂျာနယ်မှ အကြီးတန်းသတင်းထောက် ကိုဇင်သော် က “ထွက်ပြေးသွားတဲ့ စပယ်ယာနှစ်ဦး ကို မမိသေးဘူး ခရီးသည်တွေကမကျေနပ်ကြဘူး။ကား ကို မီးရှို့မယ်ဘာ ညာဆိုပြောနေကြတယ်။

အခုတော့ ယာဉ်မောင်းကို စစ်ဆေးမေးမြန်းနေတယ်။ ၁၂၄ ယာဉ်နောက်လိုက်တွေအရမ်းရိုင်းလို့ ခဏခဏ အခုလို ပြသနာတက်ရတယ်လို့ ခရီးသည်တွေက ပြောဆိုနေကြတယ်” လို့ တိုက်ရိုက်သတင်း
ပေးပို့ပါတယ်။

The Modern News Journal

မှတ်ချက်များ