သမ္မတဦးသိန်းစိန်သည် လမ်း၊ တံတားများ ကြံ့ခိုင် မှုအခြေအနေကို လိုက်လံစစ်ဆေး ခဲ့ခြင်း ဖြစ်ပြီး မိုင်တိုင်အမှတ် ၁၁၉/၂ တွင် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က အမြန်လမ်းပြုပြင် ထိန်းသိမ်းနေမှုနှင့် အဆင့်မြှင့်တင်မှု အခြေအနေများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထို့နောက် သမ္မတဦးသိန်းစိန်သည် မိုင်တိုင်အမှတ် ၁၃၈/၂ ရှိ တံတားအား ရှစ်လမ်းသွားတံတားအဖြစ် တိုးချဲ့နေမှုအခြေအနေ၊ မိုင်တိုင်အမှတ် ၁၄၅/၂ ရှိ တံတားအား ရှစ်လမ်းသွားတံတားအဖြစ် တိုးချဲ့ရန် ပြင်ဆင်နေမှုအခြေအနေ၊ မိုင်တိုင်အမှတ် ၁၈၅/၁ တွင် ကတ္တရာခင်းပြီး လမ်းကြံ့ခိုင်မှုမြှင့်တင်နေခြင်း အခြေအနေ၊ မိုင်တိုင်အမှတ် ၁၉၇/၅ ရှိ မီးရထားလမ်း ခုံးကျော်တံတား အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သမ္မတက အမြန်လမ်းကို မူလရည်မှန်းချက်အတိုင်း ရှစ်လမ်းသွားအဖြစ် တိုးချဲ့တည်ဆောက်သွားရန်၊ လက်ရှိလေးလမ်းသွားမှ ခြောက်လမ်းသွားအဖြစ် စတင်တိုးချဲ့ရန်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (JICA) ၏ တိုင်းတာချက်များအရ ဦးစားပေးပြုပြင်ရမည့် လမ်းမကြီး၏ ခြောက်ရာခိုင် နှုန်းကို အမြန်ဆုံးပြုပြင်သွားရန်၊ လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှုများအရ ယာဉ်မောင်း သူ၏ မဆင်မခြင်မောင်းနှင်မှု၊ ယာဉ်၏ချို့ယွင်းမှု၊ လမ်း၏ချို့ယွင်းမှုနှင့် ရာသီဥတုတို့ကြောင့်ဖြစ်ရာ ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှု လျော့နည်းရေးအတွက် အသိပညာပေးရေးလုပ်ငန်းများ ပိုမိုဆောင် ရွက်သွားရန်နှင့် လမ်းတံတားများကြံ့ခိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
News Eleven

မှတ်ချက်များ