အဆိုပါအမျိုးသားဟာ ငါးရက်ကြာ ပျောက်ချင်းမလှပျောက် နေခဲ့လို့ သူ့အတွက် ဆွေမျိုးတွေက အသုဘဈာပ နပြုလုပ်ခဲ့ကြပါတယ်။ Channeang ပြန်ရောက်လာခဲ့တဲ့အခါမှာတော့ ဈာပနကို လာရောက်တဲ့သူ တွေ ဟာ ကြောက်လန့်တကြားနဲ့ ထွက်ပြေးကြတယ်လို့ သိရပါတယ်။
Svay Check ခရိုင်ရဲ့ အကြီးအကဲဖြစ်သူ Orn Song က ''ကျွန် တော်တို့ သူ့ကိုမြင်တော့ အတော်လေးကြောက်ရွံ့ခဲ့ပါတယ်။ အားလုံးကလဲ အသုဘနေအိမ်ကနေ ချက်ချင်းထွက်ပြေးခဲ့တဲ့ အချိန်ဟာ မှောင်စပျိုးနေတဲ့ ညနေ ၆နာရီခွဲလောက်ရှိတယ်လို့ ဖနွမ်းပင်ပို့စ်သတင်းဌာနကို ပြောဆိုခဲ့ ပါတယ်။ Channeang ဟာ နေအိမ်ကနေပျောက်သွားခဲ့လို့ သူ့ရဲ့မိသားစု ဝင်တွေကတော့ မြစ်ကမ်း ပါးတစ်ခုမှာ ရေနစ်မြုပ်နေတဲ့လူရဲ့အလောင်းက သူလို့ထင်ခဲ့ကြပြီး အသုဘဈာပနတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
အသက် ၃၂နှစ်အရွယ်သာရှိသေးတဲ့ Channeang ရဲ့ ဖခင် ဖြစ်သူ Kong Vanny ကတော့ ''ကျွန်တော့်ရဲ့သားလေး ပြန်ရောက်လာ တာကို သွားကြည့်တဲ့အချိန်မှာ လူတွေက ကြောက်လို့ ထွက်ပြေးကုန်ကြ ပါပြီ။ ကျွန်တော်ကတော့ သူ့အနားသွားကာ သူ့လက်လေးတွေကို ကိုင် ကြည့်တော့ သူဟာ အမှန်တကယ် တစ္ဆေတစ်ယောက်မဟုတ်ပါဘူး။ ကျွန် တော့်သား တကယ်မသေပါဘူး''လို့ ရွာသားတွေကို ပြောဆိုခဲ့ပါတယ်။
မြစ်ကမ်းထဲမှာ နစ်မြုပ်ခဲ့တဲ့ လူအလောင်းကို Channeang လို့ ထင်မှတ်ကာ အသုဘဈာပနပြုလုပ်ခဲ့ခြင်းဖြစ် တယ်လို့ သိရပါတယ်။
Yangon Media Group

မှတ်ချက်များ