ထိုင်း တီဗွီက ပြတဲ့ မဲဆောက်က မြန်မာတွေကို ဖမ်းဆီးပုံ

ထိုင်းနိုင်ငံအနှံအပြားတွင် ရှိသောမြန်မာ အလုပ်သ မားများ စုဝေးနေထိုင်ရာနှင့် လုပ်ငန်းခွင်များသို့ ထိုင်းစစ် တပ်နှင့်ရဲများ လိုက်လံဖမ်းဆီးနေ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ ထိုင်းအာဏာ ပိုင်တွေဟာ တရားမ၀င် မြန်မာအလုပ်သမားတွေကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ပါတယ်။

အဲလို ဖမ်းဆီးနေချိန်မှာ ထိုင်းရုပ်သံတခုက အသေး စိပ် ဗွီဒီယို ရိုက်ကူးခဲ့ပါတယ်။ ဒီဗွီဒီယိုမှာ မြန်မာနိုင် ငံ သားတွေ ဘယ်လိုဖမ်းဆီးခံရတယ်ဆိုတာ တွေ့ ရမှာပါ။

အခုလည်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ တရားမဝင် မြန်မာအလုပ်သမားတွေကို ရှာဖွေဖမ်းဆီး
နေပါတယ်။

ချင်းမိုင်က အထောက်အထားမဲ့ မြန်မာအလုပ်သမား အများစုကတော့ ဒီကာလအတွင်း အလုပ်မသွားကြဘဲ ရဲရှောင်နေကြပါတယ်။


ငြိမ်းဇော်

မှတ်ချက်များ