နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့်ယာဉ် လမ်ကြောင်းပေါ်၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မခံကြောင်း လူအချို့ ဆန္ဒဖေါ်ထုတ်

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးပွဲပြုလုပ် ရာ နေပြည်တော် ရွှေကြာပင်ရပ်ကွက်အတွင်းရှိ NLD မြို့နယ်ရုံး၏ ခေါင်းရင်ဘက်အခြမ်း နေအိမ် ၆ ခန့်အကွာတွင် လူ ၁၀ ဦးကျော်ခန့်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်ကြောင်းရေးသား ထားသော စာရွက်များကိုင်ဆောင်၍ ဒေါ်အောင် ဆန်းစုကြည်၏ယာဉ်တန်း ဖြတ်သန်း ရာ ပြန်ကပြေး အ၀ိုင်းထိပ်၌ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် လက်မှတ်ရေးထိုးပွဲသို့ တတ်ရောက်လာသူများအား ပုဒ်မ ၄၃၆ ပြင်ဆင်လိုရခြင်းအကြောင်း တရားများအား ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့သည်။ ယင်းအပြင် အဆိုပါကန့်ကွက်နှောင့် ယှက်မှုကို အထောက်အထားနှင့်တကွ တင်ပြပေးရန်၊ ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်ခြင်းကို ဥပဒေမဲ့ ကန့်ကွက်မှုပြုသည့်အတွက် သက်ဆိုင်ရာသို့ အသိပေးတိုင်ကြားမှုပြုလုပ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စု ကြည်က ပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ၊ ပုပ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီ ရိမြို့နယ်တို့တွင် ယနေ့နံနက်မှစ၍ NLD နှင့် ၈၈ ငြိမ်း/ပွင့်တို့ ပူပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

News watch

မှတ်ချက်များ