သ၀န်တိုသောခင်ပွန်းက ဇနီးသည်ထံလည်ပတ်သူ အမျိုးသားကိုသတ်

ထီအန်(Triang)အနီးရှိမိမိနေ အိမ်တွင်တစ်ညတာ အိပ်စက်ခဲ့ သည်ဟုစွပ်စွဲသူသ၀န်တိုနေသောခင်ပွန်း တစ်ဦးကအမျိုးသားတစ်ဦး ကိုသေသည်အထိ ရိုက်နှက်ခဲ့သည်။ တစ်ခဏအတွင်းတွင် ရိုက်နှက်ခံရသူ အမျိုးသားသည် သွေးအိုင်ထဲလဲကျ သွားသည်။ ထို့နောက် ခင်ပွန်းဖြစ်သူသည်ဇနီးသည် ဘက်သို့ပြန် လှည့်လာကာ တိုက်ခိုက်ခဲ့သေးသည်။

အသက် ၃၀ နှစ်ဝန်းကျင်ဇနီးဖြစ် သူသည် ဒဏ်ရာအများအပြားရရှိ၍ ဆေးရုံသို့အတွင်းလူနာဖြင့်အိပ်ရ သည်။ ခင်ပွန်းဖြစ်သူသည် ထွက်ပြေးပုန်း ရှောင်နေ၍လိုက်လံရှာဖွေလျက်ရှိသည်။ ခင်ပွန်းဖြစ်သူမှနှိပ်စက် ည်ကို ကြောက်ရွံ့သောကြောင့် ဇနီးသည်က သေဆုံးသူအမျိုးသားကို အိမ်သို့ဖိတ်ခေါ်ခဲ့သည်။
တက္ကစီမောင်းသမား ခင်ပွန်းဖြစ်သူသည် လောင်းကစားဝါသနာထံသည့်အပြင် ဇနီးသည်ကို မကြာခဏနှိပ်စက်တတ်သည်ဟု သိရသည်။

တနင်္ဂနွေနေ့နံနက် ၄နာရီခွဲတွင် အမျိုးသား တစ်ဦးအိမ်သို့ရောက်နေသည်ကို ခင်ပွန်းဖြစ် သူကတွေ့ရှိခဲ့၍ ရိုက်နှက်မှုဖြစ်ပွားခဲ့သည်။ခင်ပွန်းဖြစ်သူသည်ဧည့်သည်အမျိုးသားနှင့်ထိပ်တိုက်ရင်ဆိုင်ကာ အချေအ တင်ပြောဆို ခဲ့ပြီးနောက် ရိုက်နှက်ခဲ့သည်။

အခင်းဖြစ်ပွားစဉ်တွင် အသက် ၆ နှစ်နှင့် ၂နှစ်အရွယ်ကလေး ၂ ဦးအိမ်အတွင်းရှိမရှိမသိရပေ။လက်ရှိတွင် ကလေး ၂ဦးစလုံး ကို ဆွေမျိုးများအိမ်သို့ပို့ထားသည်။ အမှုနှင့်ပတ်သက် ၍နောက်ထပ်သတင်း ရရှိခြင်း နိုင်သေးကြောင်းအိုစီပီဒီ(OCPD)လက်ထောက်ချုပ်မိုဟာမက်ဇာဟိမိုဟာမက်နော(Mohd Zahid MohdNoor)က ပြောသည်။

myet shin

မှတ်ချက်များ