ကျောင်းအိမ်သာတွင် လိင်ဆက်ဆံနေသော ကျောင်းသားနှင့်ကျောင်းသူကို ဆရာမှပက်ပင်းမိ

တီနွမ် (Tenom)မှ အသက် ၁၄ နှစ်အ ရွယ်ကျောင်းသားနှင့်ကျောင်းသူ ၂ ဦးကို ကျောင်း အိမ်သာတွင်လိင်ဆက်ဆံစဉ် ဖမ်းမိသည်။

တနင်္လာနေ့နံနက် ၁၀ နာရီခွဲ၊ အတန်းအားလပ် ချိန်တွင် ကျောင်းအိမ်သာ အနီး ဖြတ် သွားသော ကျောင်းစည်းကမ်းထိန်းသိမ်းရေး ဆရာက ၄င်းတို့ကိုဖမ်းမိသည်။

ကလေး ၂ ဦးသည် ကျောင်းအားလပ်ချိန်တွင် အခြားသူများသတိမထားမိခင် အိမ်သာသို့ပြေး ၀င်ခဲ့ကြသည်ဟု တီနွမ် လက်ထောက်ရဲချုပ်က ရှင်းပြသည်။စည်းကမ်းထိန်းသိမ်းရေးဆရာသည် အိမ်သာခန်းမှ အသံတစ်ချို့ကြား၍ ၀င်စစ် ကြည့်ရာ ကလေး ၂ ဦးကိုပက်ပင်းတွေ့ခဲ့သည်ဟု အရာရှိက ပြောသည်။

အခင်းဖြစ်သည့်နေ့ တွင် ရဲထံအသိပေးကာ ကျောင်းသားကလေးကိုဖမ်းဆီးထားသည်။

The Star

မှတ်ချက်များ