မြွေနဲ့ နှိပ်နယ်အကြောဖြေခြင်း



ကျမတို့ မြန်မာနိုင်ငံမှာပဲ ကြည့်ကြည့် နိုင်ငံတကာမှာပဲ ကြည့်ကြည့် နှိပ်နယ်တယ်ဆိုတာ လူ့ပင်ပန်းမှုတွေကြောင့် အကြောအခြင် ညောင်းနေတာတွေ ပြေပျောက်ဖို့ နှိပ်နယ်ခံတာ ကုထုံးတခုလိုလက်ခံကြပါတယ်။
လူနဲ့ လူချင်း အကြောပြေဖို့ နှိပ်နယ်ကြတာကတော့ သိပ်ဆန်းပြားလှတာ မဟုတ်ပေမယ့် အကြောအခြင်
တွေ ပြေပျောက်ဖို့ မြွေကို နှိပ်ခိုင်းတယ်ဆိုရင် ဧရာဝတီ ပရိသတ်တွေလည်း အံ့သြနေမလား မသိပါဘူး။

ဒါကတော့ Snake Massage လို့ ခေါ်တဲ့ မြွေနဲ့ နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုကို ပြသထားတဲ့ ယူကျုဖိုင်တခုပါ။

သာမန်အားဖြင့်တော့ မြွေက ကိုယ့်ကို နှိပ်နယ်ပေးတာဆိုတော့ ကြောက်စရလို့ ထင်ကောင်း ထင်နိုင်ပါလိမ့်မယ်။

တချို့ကလည်း အခုလို မြွေနဲ့ အနှိပ်ခံတာ အန္တရာယ်များတယ်လို့ ပြောကောင်း ပြောနိုင်ပါတယ်။ တဖက်က လည်း ဒီလို မြွေနဲ့ နှိပ်နယ်ခြင်းနဲ့ လုပ်ကိုင်စားသောက်သူတွေလည်း ရှိ၊ ဖောက်သည်တွေကလည်း ရှိနေတဲ့ အခြေအနေ မျိုးမှာ ဗဟုသုတ တခုအနေနဲ့သာ ပြန်လည် တင်ပြပေးလိုက်ပါတယ်။


အိမ့်သံစဉ်

မှတ်ချက်များ