ထိုင်းနိုင်ငံ ဖတ်ထလုံး မြိုနယ်အတွင်းမှာ ဓါတ်ဆီ ဆိုင် ဆောက်ရန် လယ်ကွင်းရှင်းရာမှ မြေကြီး အတွင်းက ရွှေပြားများတွေ့ ရှိခဲ့သဖြင့် ယခုအခါ တရွာလုံးက တူးဆွနေကြကြောင်း သိရသည်၊။
ရွှေပြားပေါ်မှာ ဂျပန်စားသားပါ နှစ်ကျပ်သား ခန့် အလေး ချိန်ရှိေ၇ွှပြားတွေဟာ တူးတဲ့သူတိုင်း ရပြီး ရွှေဆိုင်ရှင်များကလဲ တူးသည့်နေရာမှာပင် လာရောက်ဝယ်နေကြသည်ကို တွေ့ ရပါတယ်၊ တပြားကို ကျပ်(၇)သိန်းခန့် ရှိ ထိုင်းဘတ်ငွေ နှစ်သောင်းပေး၍ ၀ယ်ကြကြောင်း၊ တူးဖေါ်တွေ့ တဲ့သူတွေ မှာ တယောက်လျှင် ကျပ်သိန်း၆၀ကျော် ရနေပြီဖြစ်လို့  တ၇ွာလုံးမှ ရွာသားတွေ ဘာအလုပ်မှမလုပ်တော့ဘဲ ထိုနေရာမြေကြီးကို လာရောက်တူး ဆွနေကြပါတယ်။
မြေပိုင်ရှင်ကလဲ တားလို့ မရတာကြောင့် ရဲတွေခေါ်၇ှင်းခိုင်းနေရတယ်လို့ ဆိုတယ်၊ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံဟာ စစ်တလင်းမဖြစ်ခဲ့ပေမယ် ဂျပန်တို့ ရဲ့ စစ်လမ်းကြောင်းဖြစ်ခဲ့ပါတယ်။ စစ်ရှုံးတဲ့ ဂျပန်စစ်တပ် ဟာ ဗမာပြည်က သိမ်းယူလာတဲ့ရွှေချောင်းနဲ့ အဖိုးတန်ရတနာ ပစ္စည်းတွေကို ဆက်သယ်ဆောင်မနိုင်တော့ လို့  ခ၇ီးလမ်းတလျှောက်မြုပ် နှံသွားခဲ့တာပါ။
ထိုင်းစီးပွားပျက်ကပ်ဆိုက်ရောက်နေချိန်မှာ ခုလို ရွာသားတွေ ရွှေသိုက်တွေ့ သွားတာ ၀မ်းသာစရာပါဘဲ၊ အားလုံးက သူ့ နေရာကိုယ့်နေရာ တူးနေကြတာ ရန်လည်းမဖြစ်ကြပါဘူး၊။
မိမိတိုနိုင်ငံတွင်းမှာဆို စစ်တပ်ရောက်လာပြီးတားမယ် မ၀င်ရလုပ်မယ်ပြီးတော့ သူတို့ ဘာသာ တူးကြ မှာသေချာတယ်။တူးတဲ့သူခြင်းလဲ အချင်းများပြီး လူသတ်ပွဲတွေဖြစ်ပါလိမ့်မယ်။
ရွှေ ဥ ဒေါင်း | ဟာဂျူလီ ကသာ

မှတ်ချက်များ