အင်တာနက်စာမျက်နှာ အချို့တွေကို စောင့်ကြည့် ပိတ်ပင်မှုများ ထိုင်းစစ်တပ် စတင်ပြုလုပ်
ထိုင်းနိုင်ငံမှာ အင်တာနက် အသုံးပြုမှုတွေအပေါ် စစ်တပ်က စောင့်ကြည့် ပိတ်ဆို့မှုတွေ ရှိနေပြီး တချို့ အင်တာနက် စာမျက်နှာတွေကို ဝင်ရောက် ကြည့်ရှုခွင့် လုံးဝ ပိတ်ပင်ထားပါတယ်။
မေလ ၂၈ ရက်နေ့ ညနေ ၃ နာရီကနေ ၅ နာရီလောက်ထိ ရှိနေတဲ့ လူပေါင်း သန်းနဲ့ ချီ သုံးစွဲနေတဲ့ အင်တာနက် လူမှု ကွန်ရက်တခုဖြစ်တဲ့ ဖေ့စ်ဘုတ် သုံးစွဲမှုမရပဲ ပိတ်ပင်ခံရ တာဟာ အာဏာသိမ်း စစ်အစိုးရလုပ်တာပဲ လို့ ဝေဖန်သံတွေက အတော်ကျယ်လောင်သွားခဲ့ ပါတယ်။
ထိုင်းစစ်တပ် အာဏာပိုင်တွေကတော့ သူတို့ ပိတ်ဆို့ထားတာ မရှိဘူးလို့ ပြောသော်လည်း ထိုင်းသတင်းတီဗွီတခု Spring News TV နဲ့ မေးမြန်းခန်းမှာ အခြားလူမှုကွန်ရက်တွေဖြစ်တဲ့ တွစ်တာနဲ့ အန်တီဂရမ်တွေကိုလည်း လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဆူရာချိုင်းက ပြောခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းစစ်အစိုးရက မကြာသေးခင်ကပဲ စစ်အာဏာသိမ်းမှုကို ကန့်ကွက်တာနဲ့ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် လူမှုကွန်ရက်တွေကို လွဲမှားစွာ အသုံး မပြုကြဖို့ သတိပေးအမိန့် ထုတ်ပြန် ထားပြီး နောက်ရက်မှာ ဖေ့စ်ဘုတ် ဆာဗာတွေသုံးမရ ဖြစ်ခဲ့တာဖြစ်ပါတယ်။
အခုလို ဖေ့စ်ဘုတ်ကို ပိတ်သိမ်းလိုက်မှုရဲ့နောက်ကွယ်မှာ ထိုင်းစစ်အစိုးရ ရှိနေတယ်လို့ သံသယဖြစ်ခဲ့ကြပြီး ဒေါသတွေ ထွက်ခဲ့ကြတယ်လို့ ထိုင်း သတင်း မီဒီယာတချို့မှာ ရေးပါတယ်။

မှတ်ချက်များ