ထိုင်းနိုင်ငံမှာ လယ်သမားတွေ ရစရာရှိတဲ့ စပါးဖိုးငွေတွေကို အာဏာသိမ်း စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ စထုတ်ပေးနေပါတယ်။
အရင် အစိုးရလက်ထက်က အငြင်းပွား ဖွယ် နိုင်ငံတော် စပါးဝယ်ယူရေး အစီအစဉ်အောက် မှာ နိုင်ငံတ၀ှမ်း က လယ်သမား ၈ သိန်းဟာ စပါးဖိုး ဘတ်ငွေ ၉၀ ဘီလီယံလောက်ကို ရဖို့ လနဲ့ချီ စောင့် ဆိုင်းနေကြ တာ ဖြစ်ပါတယ်။
ဒီ ပြဿ နာကို ဖြေရှင်းဖို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနဆီက ဘတ်ငွေ ဘီလီယံ ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒဿ မ ၅၃ ဘီလီယံ) ကို ချေးယူပြီး လယ်သမားတွေကို ပေးချေသွားမယ်လို့ စစ်အစိုးရသစ်က ကြေညာထားပါ တယ်။
၁ လအတွင်း အပြီး ပေးချေသွားမယ်လို့ ကြေညာပြီး မေ ၂၆ ရက်နေ့က စတင်ထုတ်ပေးနေတာ ဖြစ်ပါ တယ်။
အရင် အစိုးရလက်ထက်က နိုင်ငံရေးအကျပ်အတည်းကြောင့် လွှတ်တော်ကို ဖျက်သိမ်းခဲ့ရပြီးနောက် အိမ်စောင့်အစိုးရရဲ့ လုပ်ပိုင်ခွင့် အကန့်အသတ်တွေကြောင့် စပါးဖိုး အကြွေးတွေ ကြန့်ကြာခဲ့ရပြီး နယ်က လယ်သမားတွေ ဘန်ကောက်မြို့အထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရဲ့ ပွေထိုင်းပါတီ အစိုးရလက်ထက်မှာ ဈေးကွက်ပေါက်ဈေး ထက် ပိုပေးတဲ့ စပါးဝယ်ယူရေး အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ပြီး ငွေကြေး မလုံလောက်တဲ့ ပြဿ နာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီ စပါးဝယ်ယူရေး အစီအစဉ်မှာ အဂတိလိုက်စားမှုတွေ ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အဲဒီအချိန်က ၀န်ကြီးချုပ် ယင်းလပ်က သိလျက်နဲ့ တာဝန်ပေါ့လျော့ခဲ့တယ်လို့ အဂတိလိုက်စားမှု ကော်မတီိက ဆုံးဖြတ်ခဲ့ပါတယ်။
လယ်သမားတွေ ရစရာရှိတဲ့ စပါးဖိုးငွေတွေကို အာဏာသိမ်း စစ်အစိုးရက ထုတ်ပေးနေပေမယ့် အခုအချိန်အထိ အစိုးရ စပါးဂိုဒေါင်တွေမှာ သောင်တင်နေတဲ့ စပါးပုံကြီးကို ဘယ်လိုပုံစံနဲ့ ကိုင်တွယ်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီဗွီဘီ

မှတ်ချက်များ