ပြည်နယ်ရဲမင်းကြီးက ၄င်းသား အလုပ်လက်မဲ့မဟုတ်ကြောင်း ကားများဝယ်စီးနိုင်ကြောင်းဆို

Sabah ပြည်နယ်ရဲမင်းကြီး Datuk Hamza Taib က ယင်း၏သား အလုပ်အကိုင်မရှိသည့်အတွက် ဇိမ်ခံကားနှစ်စီးပိုင်ဆိုင်သည်မှာ တရားမ၀င်ကြောင်း ပြောကြားချက်ကို မှားယွင်းသော စွပ်စွဲချက် ဆိုကာပယ်ချလိုက်သည်။

“ကျွန်တော့်သားကို အလုပ်လက်မဲ့လို့ပြောတာ ဘယ်လောက်စိတ် ဆိုးဖို့ကောင်းလဲ ” ဟု ၄င်းကပြောသည်။ ၄င်း၏ သား Mohammad Azhan Hamza (၃၀)နှစ်သည် ကုမ္ပဏီအတော်များများ၏ ဒါရိုက် တာဖြစ်ပြီး လုပ်ငန်းအတော်များများကိုလည်း ပိုင်ဆိုင်ကြောင်း ဆိုသည်။ ၄င်း၏ သားသည် နိုင်ငံတကာ အစ္စလာမ်မစ်တက္ကသိုလ်မှ ဥပဒေသများကို ဖတ်ကြောင်း ထပ်လောင်းပြောဆိုသည်။ ၄င်း၏ ချွေးမ မှာလည်း အရည်အချင်းပြည့်ဝသည့် ရှေ့နေတစ်ဦးဖြစ်ကြောင်း ဆိုသည်။

“ သူတို့က ကျွန်တော့်အိမ်မှာနေတယ်၊ ဒါကြောင့် အိမ်ဝယ်တဲ့အကြွေးပေးဖို့ ပူစရာမလိုဘူး”

Hamza က သူ့၏ အကောင်းဆုံးအတွေ့အကြုံများအရ ယင်း၏ သား ပိုင်ဆိုင်သည့် ဇိမ်ခံကားနှစ်စီး မှာ ပြန်လည်ပြင်ဆင်ထားသည့် ကားများသာဖြစ်ကြောင်း၊ အသစ်လောက် ဈေးမကြီးကြောင်းဆိုသည်။

MyWatch ၏ ဥက္ကဌဖြစ်သူ R Sri Sanjeevan ပြောဆိုသည့် Mohammad Azhan ၏ သဘာမကျသည့် ကြွယ်ဝချမ်းသာမှုဆိုသည့် စကားကို မေးခွန်းထုတ်ခဲ့သည်။

Sanjeevan က Mohammad Azhan သည် အလုပ်အကိုင်မရှိသော်လည်း လွန်ခဲ့သည့်နှစ်က နှစ်စီးပေါင်း တန်ဖိုး မလေးရှားရင်းဂစ် ၁.၁ မီလီယံ တန်ဖိုးရှိသည့် ဇိမ်ခံကားနှစ်စီး Jaguar နှင့် Audi A5 ကို ၀ယ်ယူ ခဲ့ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

Myat Shin

မှတ်ချက်များ