ဗိုလ်ကြီးအောင်မျိုးသူ နှင့် လှမျိုးသဉ္ဖာနွယ် တို့ဧ။်မင်္ဂလာဧည့်ခံပွဲ

ဓာတ်ပုံ – အောင်ဇော်မင်း

ဗိုလ်ကြီး ဒေါက်တာ အောင်မျိုးသူနှင့် သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ် တို့၏ မင်္ဂလာ ဆွမ်းကျွေးကို မေ ၂၅ ရက်နေ့ နံနက် ၉ နာရီက မဟာစည်မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဖူးစာပါလို့ နေမှာပါ။ အိမ်ထောင်ပြုရမယ့် အရွယ်ရော၊ အချိန်ရော ကျော်လာပြီ။ ဒါပေမဲ့ နှစ်ယောက် စလုံးက ချစ်နေကြတော့ လက်တွဲဖို့ ရွေးချယ်လိုက်တာပါ" ဟု လှမျိုး သဉ္ဇာနွယ် က ပြောသည်။ လှမျိုးသဉ္ဇာနွယ်နှင့် ဒေါက်တာ အောင်မျိုးသူ တို့သည် ပရဟိတ အလှူ သွားလှူရင်း ဆုံတွေ့ခဲ့ကြသည်ဟု ၄င်းထံမှ သိရသည်။

ဒေါက်တာ အောင်မျိုးသူက မြစ်ကြီးနား မှာတာဝန် ကျနေပြီး ပရဟိတကို စိတ်ဝင်တစား လုပ်ကိုင်နေသည့် ဆရာဝန် တစ်ဦး ဖြစ်သည်ဟု လှမျိုးသဉ္ဇာနွယ် ထံမှ သိရ သည်။

"အစ်မကတော့ မင်္ဂလာဆောင်ပြီးရင် ရန်ကုန် နဲ့ မြစ်ကြီးနားကို သွားလိုက် လာလိုက် လုပ်ရမှာပေါ့" ဟု ၄င်းက ဆိုသည်။

လှမျိုးသဉ္ဇာနွယ်က လတ်တလောမှာ ဗီဒီယို ဇာတ်ကားတွေ တောက်လျှောက်ရိုက် ကူးပြီး ကိုယ်ပိုင် စီးပွားဖြစ်သည့် ပိုးထည်တိုက် ကိုလည်း ဦးဆောင် လုပ်ကိုင်လျက် ရှိသည်။

ဗိုလ်ကြီးအောင်မျိုးသူ နှင့် ရုပ်ရှင်သရုပ်ဆောင် လှမျိုးသဉ္ဖာနွယ် တို့ဧ။် မင်္ဂလာဧည့်ခံပွဲ ကိုမေလ (၃၀)ရက်နေ့ မနက်(၉)နာရီက ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည်။

ထူးထူး၊ သိမ့်သိမ့်

မှတ်ချက်များ