ကရိန်းကားပေါ်ဖမ်းမိပြီးမှ ကားပြန်လုယူမောင်းသွားတဲ့ အနုပညာရှင် (၂)ဦးက ဘယ်သူတွေ ဖြစ်မလဲ

စည်းကမ်းပျက် တာဝန်မဲ့ ပြုလုပ်ခဲ့သော အနုပညာရှင်(၂)ဦး

၂၂.၅.၂၀၁၄ ရက်နေ့ ၁၀း၀၀ နာရီအချိန်ခန့် ယာဉ်မရပ်ရပာု သတ်မှတ်ထား သော ဗိုလ် တထောင် ဘုရားလမ်းပေါ်တွင် အခြားယာဉ် များအား သွားလာရာ တွင် အနှောက်အ ယှက် ဖြစ်စေအောင် ရပ်တန့်ထားသော ယာဉ်အမှတ် ၇င/၁၃၇၃၊ KIA အမျိုးအစား အနက်ရောင် ကိုယ်ပိုင်ယာဉ်အား တာဝန်ရှိ ပူးပေါင်းအဖွဲ့မှ ကရိန်းယာဉ်ဖြင့် ဖမ်းဆီးသွားကြောင်းနှင့် ရှင်စောပု ယာဉ်ရပ် နားဝန်းသို့ မပို့ဆောင်မှီ ၅၂ လမ်း ကရိန်းအခြေစိုက် နေရာတွင် ခေတ္တထိန်း သိမ်းထားစဉ်

အဆိုတော် ချမ်းချမ်း၏ ခင်ပွန်းဖြစ်သူ သရုပ်ဆောင်၊ ဒါရိုက်တာ ဘုန်းသိုက်မှ ၄င်းဇနီးနှင့်အတူ လာရောက် ကာ ယာဉ်အစောင့် တာဝန်ချထား သော လူများအား ရင့်သီးရိုင်းစိုင်းစွာ ပြောဆိုကာ ကားအား ပြန်လည် လုယူ မောင်းနှင်သွားပါသည်။

ကျွန်တော်သိထားသော အနုပညာရှင် ဆိုသည်မှာ ပြည်သူလူထုတို့အား မိမိကိုယ်တိုင်ဖျော်ဖြေပေး ရန်၊ပညာပေးရန် ရှေ့ဆောင်လမ်းပြပြုပေးနေသူဟု သက်မှတ်ထားပါသည်။ယခုကဲ့သို့မီဒီယာလောက စတင်ဖွံ့ဖြိုး လာစဉ်ယင်းသို့ ရိုင်းပြစွာ အနုပညာရှင် နှစ်ဦး၏ လုပ်ရပ်ပေါ်တွင် ပြည်သူလူထုမှ အခြား အနုပညာရှင်များ ပေါ်တွင်ပါ အထင်အမြင်သေး ရှုံ့ချမည်ကို စိုးရွှံရပါကြောင်း မိမိအမှား အတွက် မိမိမှတာဝန်ယူ ဖြေရှင်းသင့်ကြောင်း ဖော်ပြလိုက်ပါသည်။

Myanmar News Media

မှတ်ချက်များ