Skype ဘာသာပြန်ထောက်ကူမူ ဒီနှစ်ကုန်တွင် ရရှိနိင်တော့မည်

လူတစ်ယောက်နဲ့ တစ်ယောက်ဘာသာစကား ခြားနားမူ ဘောင်တွေကို ကျော်ဖြတ်ပေးတဲ့ အလွန် ကောင်းမွန်အသုံးဝင်လှတဲ့ ၀န်ဆောင် မူလေးပါပဲ။ကိုယ်နဲ့ ဘာသာစကား မတူတဲ့ ကမ္ဘာ့ပေါ်မှာ ရှိတဲ့ နိင်ငံပေါင်းစုံက လူတွေနဲ့ အဆင်ပြေပြေစကားပြောနိင်လာတော့မှာ ဖြစ်ပါတယ်။

Skype Translator လို့ခေါ်တဲ့ ဒီဝန်ဆောင်မူလေး ကို မနေ့မေလ ၂၇ ရက်နေ့ညကကျင်းပခဲ့တဲ့ Code conference မှာ ကြေငြာမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဘာသာစကား ခြားနားတဲ့ မည်သူကိုမဆို ခေါ်ဆိုပြောကြားနိင်ပြီး ကွန်ပျူတာ Screen ပေါ်က အောက်ခြေ မှာ ပြန်ဆိုမူတွေကို ပြန်ကြားပေးကာ တစ်ဖက်လူကို မြင်တွေ့စေပါမယ်။ နားကလည်းကိုယ် ရွေးချယ်ထား တဲ့ ဘာသာရပ်အလိုက် ကြားနေနိင်မှာ ဖြစ်ပြီး အတော်ကို ပြည့်စုံတဲ့ ၀န်ဆောင်မူလေးပါပဲ။ အခြားလူ ရဲ့ ပြောကြားခြင်း စကားဆုံးအောင်တော့ စောင့်ဆိုင်းဖို့ လိုမှာဖြစ်ပါတယ်။ ထောက်ပံပေးထားတဲ့ ဘာသာ စကားတွေအတွက်တော့ ကုမ္ပဏီက ပြောကြားခြင်းမရှိသေးရကာ အကောင်းဆုံး ၀န်ဆောင်မူတစ်ခုဖြစ် မည်လို့ မျှော်လင့်ရပါတယ်။

Aung Heine | Smart Pro Journal

မှတ်ချက်များ