ခေတ်မီရေခဲရိုက်စနစ်သုံးတဲ့ အမေရိကန် Style ငါးဆိုင် ရန်ကုန်ကို ဆွဲဆောင်နေပြီ
အရှေ့တောင်အာရှမှာ ဆိုင်ခွဲ ၈ဝကျော်လောက်ဖွင့်ထားတဲ့ အမေရိကန်ပင်လယ်စာ စားသောက်ဆိုင်ဟာ ရန်ကုန်မှာလည်း ပင်လယ်စာကြိုက်သူတွေအတွက် ခံတွင်းအတွေ့ဆုံး နေရာတစ်ခုဖြစ်လာနေပါပြီ။ Manhattan Fish Market မှာ ဘယ်လိုပင်လယ်စာတွေ ရနိုင်လဲ။
တရုတ်၊ ဗီယက်နမ်၊ နယူးဇီလန်၊ ထိုင်း၊ မလေးရှား။ အိုမန် စတဲ့ ဒေသအသီးသီးက အရသာတွေကို အခြေခံပြီး ပင်လယ်စာတွေကို အကြော်၊ မီးဖုတ်၊ အပြုတ်၊ အကင်နဲ့ မီးကင်စတဲ့ ၅မျိုးနဲ့ ချက်ပြုတ်တာဖြစ်ပြီး ငါးတွေ လတ်ဆတ်နေဖို့ ခေတ်မီ ရေခဲရိုက်စနစ်ကို သုံးနေတယ်လို့ ဆိုပါတယ်။
ဗိုလ်တထောင်က ၄၁လမ်းနဲ့ ၄၂လမ်းကြားက ကမ်းနားလမ်းပေါ်မှာ ဖွင့်ထားတဲ့ ဒီစားသောက်ဆိုင်မှာ လူကြိုက်များတဲ့ Flaming နည်းနဲ့ ချက်ပြုတ်ထားတဲ့ ငါးဟင်းရဲ့ထူးခြားချက်က ဘာလဲ။ စားဖိုမှူးလည်းဖြစ် Supervisor လည်းဖြစ်တဲ့ ကိုကောင်းမြတ်က အခုလိုရှင်းပြပါတယ်။
Facebook ပေါ်မှာ တွေပလို့ ဆိုင်ကို မရောက်ရောက်အောင်ရှာပြီး လာစားတဲ့ မနီဖြိုးကြိုက်တော့ သူကြိုက်တဲ့ Flaming နည်းနဲ့ ကင်ထားတဲ့ငါးဟာ အနံ့ပိုကောင်းတယ်လို့ ယူဆပါတယ်။
သတင်းအပြည်အစုံ ရုပ်/သံ
kamayutmedia.com

မှတ်ချက်များ