အောင်မြင်သော ရုပ်ရှင် သရုပ်ဆောင်ထက် ၀ါသနာပါ သည့် အစီအစဉ်တင်ဆက်သူ ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစား သွားမည်ဖြစ်ကြောင်း ဂုဏ် ရည်အေးကျော်က ပြောသည်။
‘‘အခုချိန်မှာ Movie Star တစ်ယောက်တော့ မဖြစ်နိုင်သေး ပါဘူး။ ဂုဏ်ရည်ဖြစ်ချင်တာက တီချယ်တင်မိုးလွင်လို MC သမား ကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုး စားနေပါတယ်။ ရုပ်ရှင်သရုပ် ဆောင်အနေနဲ့ ကမ်းလှမ်းလာတာ တချို့ရှိပေမယ့် သရုပ်မဆောင် သေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှု မရှိသေးတာရော၊ ကိုယ် သွားချင်တဲ့ MC လမ်းကြောင်းက အကောင်အထည်သိပ်မပေါ်သေး လို့ပါ’’ ဟု ဂုဏ်ရည်အေးကျော်က ပြောသည်။
ဂုဏ်ရည်အေးကျော်သည် လက်ရှိအချိန်တွင် အစီအစဉ်တင် ဆက်သူအဖြစ် ၎င်းကိုဖိတ်ခေါ်သော ပွဲများတွင် ပါဝင်ဆောင်ရွက် ပေးနေပြီး ပရိသတ်အတွက် အကျိုး ရှိစေမည့် အကြောင်းအရာများ ဆွေးနွေးသော အစီအစဉ်များတွင် လည်း ပါဝင်ဖြစ်ကြောင်း သိရ သည်။
‘‘ဇာတ်ကားမရိုက်ဘူးလို့ တော့ ယတိပြတ်ပြောထားလို့ ရ တဲ့ဟာတွေ မဟုတ်တော့ လုပ်ဖြစ် ရင်တော့ လုပ်ဖြစ်မယ်။ ဒါပေမဲ့ ပရိသတ်တွေကို အကျိုးရှိနိုင်မယ့် ဇာတ်ကားမျိုး၊ အပြောင်းအလဲ တစ်ခုခုဖြစ်နိုင်မယ့် ဇာတ်ကားမျိုး ဆိုရင် ပိုပြီး သရုပ်ဆောင်ရတာ အားရမိမယ်’’ ဟု ဂုဏ်ရည်အေး ကျော်က ပြောသည်။
၎င်း၏ ဇာတိဖြစ်သော မန္တ လေးမြို့ရှိ ငွေကြေးမတတ်နိုင် သော ကလေးများအတွက် ဖွင့် လှစ်ထားသော ‘‘ငွေကြယ်ပွင့် လေးများ စာသင်ဝိုင်း’’ အတွက် အလှူငွေများ လှူဒါန်းခြင်း၊ က ချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် ကျောင်းဆောက်ရန်အတွက် ကောက်ခံထားသော အလှူငွေ များကို သြဂုတ်လတွင် သွား ရောက်လှူဒါန်းရန်ရှိကြောင်း သိရ သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ လို အပ်ချက်တစ်ခုဖြစ်သော ပညာ ရေးတွင် တတ်နိုင်သောဘက်မှ ဆက်လက်ဖြည့် ဆည်းသွားမည် ဖြစ်ပြီး မန္တလေးမြို့သို့ ပြန်ရောက် သည့်အခါတိုင်း ချမ်းမြသုခနာရေး အသင်းတွင် နာရေး ကား အမြဲ မောင်းပေးကြောင်း ဂုဏ်ရည်က ပြောသည်။
ကြူကြူဟန် | 7daydaily

မှတ်ချက်များ