မြန်မာနိုင်ငံက ရပ်ကွက်နဲ့ ကျေးရွာအဆင့်မှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုတွေ ကြုံတွေ့နေရလို့ ဇွန် ၂၁ရက်နေ့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု အခရာ အမျိုးသမီးအဖွဲ့ က ပြုလုပ်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးတွေကို ဒီလိုအကြမ်းဖက်မှုကနေ ဘယ်လိုကာကွယ်ကြမလဲ။
အမျိုးသမီး အကြမ်းဖက်မှုရပ်တန့်ရေးအတွက် ဥပဒေတွေ ရေးဆွဲနေသလို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ကုလသမဂ္ဂက လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေဘဝ ဖွံ့ဖြိုးတိုးတက်ရေး ၁ဝနှစ်စီမံကိန်းနဲ့ အီးယူက မြန် မာပြည် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို တင်ပြသွားမယ်လို့ မထားထားက ပြောပါတယ်။
သူတို့အဖွဲ့ရဲ့ ပန်းတိုင်ဟာ အမျိုးသမီးတွေ ကိုယ့်ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ချက်တွေကို သိဖို့နဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးတွေကို သင်တန်းပေးနေတာဖြစ်တယ်လို့ ရှင်းပြပါတယ်။ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေ၊ အစိုးရနဲ့ ဥပဒေတွေရှိရဲ့သားနဲ့ အမျိုးသမီးတွေ မကာကွယ်တဲ့အပြင် ထိန်းချုပ်ဖို့ပါ လုပ်နေတာကြောင့် ဥပဒေစိုးမိုးရေး အရေးကြီးတယ်လို့ ပြောပါတယ်။
အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံနေရတာကို ဥပဒေစိုးမိုးရေးနဲ့ ကာကွယ်ဖို့ အဓိကဖြစ်ပြီး အမျိုးဘာသာသာသနာကို သက်ဆိုင်ရာဘာသာတိုင်းက စောင့်ရှောက်နေတာကြောင့် မျိုးစောင့်ဥပဒေ မလိုဘူးလို့ ပြောပါတယ်။
အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ စော်ကားခံရတာတွေ ကြုံရင် ရဲရဲဝံ့ဝံ့တိုင်ကြားကြဖို့ ရပ်ကွက်နဲ့ ကျေးရွာအဆင့်တွေမှာ အမျိုးသမီးအဖွဲ့တွေ ဖွဲ့စည်းထားပေးသင့်တယ်လို့ မအိသန္တာကျော်က ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ