အီးစီးကရက်သုံးခြင်းဖြင့် ဆေးလိပ်သောက်သုံးမှုလျှော့ချနိုင်
အီးစီးကရက် အသုံးပြုဆေးလိပ်သောက်သူများသည် အခြားသောဆေးလိပ်ဖြတ်ရေး ကုထုံးများထက်ဆေး လိပ်ကိုဖြတ်နိုင်စွမ်းရှိကြောင်း ဆန်းစစ်လေ့လာချက်တစ်ရပ်အရ သိရသည်။
ဆေးလိပ်သောက်သုံးသူ ၆ဝဝဝ နီးပါးကို သုတေသနပြုခဲ့ရာတွင် ငါးပုံတစ်ပုံမှာ အီးစီးကရက်အကူအ ညီဖြင့် ဆေးလိပ်ဖြတ်နိုင်သည်ကို တွေ့ရသည်။
ယင်းအရေအတွက်မှာ အီးစီးကရက်ကို အသုံးမပြုသူများထက် ၆ဝ ရာခိုင်နှုန်းကျော် ရှိသည်ဟုဆိုသည်။
အီးစီးကရက်ကို အသုံးပြုခြင်းဖြင့် ကောင်းသောတိုးတက်မှုတစ်ခုကို ရရှိနိုင်ကြောင်း လန်ဒန်တက္ကသိုလ်မှ အဆိုပါသုတေသနအဖွဲ့က ပြောသည်။
အီးစီးကရက်ကို မကြာသေးမီနှစ်များက စတင်သုံးခဲ့ကြောင်း သိရသည်။
အီးစီးကရက်အသုံးပြုသူအရေအတွက်သည် နှစ်သန်းကျော်ရှိကြောင်း ဆေးလိပ်သောက်သုံးမှုတားဆီးရေးနှင့် ကျန်းမာရေးဌာနက ခန့်မှန်းထားသည်။ ယင်းအရေအတွက်မှာ လွန်ခဲ့သော နှစ်နှစ်ကသုံးဆမြင့်တက်လာ ခဲ့သည်။
အီးစီးကရက်သုံးစွဲသူများသည် တကယ့်ဆေးလိပ်အရသာကဲ့သို့ ခံစားမှုရရှိနိုင်သည်ဟု ဆိုသည်။
သို့သော်လည်း ဝေလအစိုးရက အများပြည်သူ များနှင့်ဆိုင်သော နေရာများ၌ ဆေးလိပ်သောက်သုံးမှုမပြုရန် တားမြစ်ထား စေလိုသည်။
အကြောင်းမှာ တကယ့်ဆေးလိပ်သောက်သုံးမှုများ တိုးပွားလာမည်စိုးရိမ်ရ၍ ဖြစ်သည်။
(ဘီဘီစီ) မြင့်မောင်စိုး-ရေးသည်

မှတ်ချက်များ