ခွေးမွေးခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ
ခွေးမွေးမြူခြင်းဟာ ကျန်းမာရေး အတွက် အထောက်အကူ ပြုစေပါတယ်။
ကလေးများ အတွက်လည်း ကောင်းမွန်စေသလိုလူကြီးတွေ အတွက်လည်း ကောင်းမွန်စေမှာပါ။
အိမ်မှာ ခွေးမွေးထားသည့်အတွက် ထိုခွေးလေးနဲ့ အတူ ဆော့မိခြင်းကြောင့် ကိုယ်လက် လေ့ကျင့်ခန်း လုပ်မိစေမှာ ဖြစ်ပါတယ်။
ကိုယ်လက် လှုပ်ရှားမူကြောင့် ကျန်းမာရေးကို အထောက်အကူပြု စေပါတယ်။
နောက်တစ်ခု ကတော့ စိတ်ကို ပျော်ရွှင်စေ ပါလိမ့်မယ်။ခွေးဟာ ကလေးတစ်ယောက်ကဲ့သို့ ဆော့ကစား ရသည့်အတွက် သင့်စိတ်ကို ပျော်ရွှင် စေမှာ ဖြစ်ပါတယ်။
ဒါကြောင့် ခွေမွေးခြင်းဟာ သင့်ကျန်းမာရေးကို အထောက်အကူ ပြုစေမှာပဲ ဖြစ်ပါတယ်။
သတိထားရမည့်အချက်ခွေးရူးပြန်ချိန်တွင် သင့်ခွေး၏ ကျန်းမာရေးကို အထူးဂရုစိုက်ပါ
ကျော်လင်းနိုင်
ကျန်းမာရေးနှင့်အလှအပသတင်းများ

မှတ်ချက်များ