Psy ၏ သီချင်းသစ် Hangover ကို YouTube တွင် Gentleman ထက် ကြည့်ရှုမှုနည်းပါး


Psy ၏ ဇွန် ၈ ရက်က ထွက်ရှိခဲ့သည့် 'Hangover သီချင်းဗီဒီယိုကို ၎င်းအား ကမ္ဘာကျော်ဖြစ်ခဲ့သည့် Gangnam Style သီချင်း ဗီဒီယိုနောက်၌ ထွက်ရှိခဲ့သည့် Gentleman ထက် ကြည့်ရှုမှုနည်းပါးခဲ့ကြောင်း သိရသည်။

Gentleman သီချင်းဗီဒီယိုသည် Gangnam Style ၏ အောင်မြင်မှုကို မကျော်လွန်ခဲ့သော်လည်း ဖြန့်ချိပြီး ၂၄ နာရီအတွင်း YouTube တွင် ကြည့်ရှုမှုအများဆုံး သီချင်းဗီဒီယိုအဖြစ် စံချိန်တင်ခဲ့ပြီး ရက်ပိုင်းအတွင်း ကြည့်ရှုမှု အကြိမ်အရေအတွက် သန်း ၁ဝဝ ကျော်ရှိခဲ့သည်။

Psy နှင့် အမေရိကန်ရက်ပ်အဆိုတော် စနုဒေါ့ဂ်တို့ ပါဝင်သရုပ်ဆောင်ထားသည့် Hangover သီချင်းဗီဒီယိုကို YouTube တွင် ဖြန့်ချိခဲ့ပြီး လေးရက်မြောက်နေ့တွင် ကြည့်ရှုမှုအရေအတွက် ၃၅ သန်းကျော်သာ ရှိခဲ့သည်။

Hangover သီချင်းကို တွဲဖက်ရေးသားရန်အတွက် စနုဒေါ့ဂ်ကို ဖုန်းဆက်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မိမိတို့နှစ်ဦးသည် သီချင်းဗီဒီယိုရိုက်ကူးမှသာ ကိုရီးယားနိုင်ငံ၌ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ဆုံတွေ့ခဲ့ခြင်း ဖြစ်ကြောင်း Psy က ပြောကြားခဲ့သည်။ယင်းသီချင်းဗီဒီယိုကို ဆိုးလ်၌ ၁၈ နာရီကြာ ဆက်တိုက်ရိုက်ကူးခဲ့သည်ဟု သိရသည်။



EMG

မှတ်ချက်များ