ပန်းချီနဲ့ အလှမ်းဝေးနေတဲ့ ဘုန်းတော်ကြီးသင် ကျောင်းသားတွေကို ပန်းချီပညာ အခမဲ့ သင်ကြားပေးနေတဲ့ New Zero Art Space က ဇွန် ၂၁ရက်နေ့မှာ ကျောင်းသား ၈၃ယောက်ရဲ့ လက်ရာတွေကို ပြသနေပါတယ်။ ကလေးငယ်တွေရေးတဲ့ ပန်းချီကားတွေ ရောင်းချပြီး မိဘမဲ့ဂေဟာတွေကို လှူဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ပန်းချီစိတ်ဝင်စားတဲ့ ကလေးငယ်တွေ ငယ်စဉ်တုန်းမှာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို စာရွက်ပေါ်ချရေး ခိုင်းတာဟာ အရွယ်ရောက်လာတဲ့အခါ သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်စေချင် တာကြောင့်ဖြစ်တယ်လို့ မသစ္စာက ရှင်းပြပါတယ်။ ကလေးပန်းချီ ရောင်းလို့ရတာတွေကို ပညာရေးအတွက် လှူဒါန်းတယ်လို့ ဆိုပါတယ်။
တစ်နှစ်ကို နှစ်ကြိမ်လောက် ကျင်းပလေ့ရှိတဲ့ ကလေးပန်းချီပြပွဲဟာ ဇွန် ၂၇ရက်နေ့အထိ တစ်ပတ် ကြာ ပြသထားမှာဖြစ်ပြီး တစ်ကားကို ဒေါ်လာ ၃ဝနဲ့ ရောင်းချမယ်လို့ ဆိုပါတယ်။ အခုတော့ ၁၆ကားလောက် ရောင်းပြီးသွားပြီလို့ ဆိုပါတယ်။
ရတနာရိပ်ငြိမ် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား ၈၃ယောက်ရဲ့ ပန်းချီကားတွေကို ပြသရောင်း ချတာအပြင် အသစ်အသစ်သော အနုပညာတွေကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် New Zero က အမြဲလိုလို တံခါးဖွင့်ထားပြီး ကိုယ်တိုင်ရေးဆွဲတဲ့ ပန်းချီကားတွေ ချိတ်ဆွဲပြသရတဲ့ ခံစားချက်တွေကို သိစေချင်တယ်လို့ ပြောပါတယ်။
kamayutmedia

မှတ်ချက်များ