မသန်စွမ်းကလေးငယ်တွေ တန်းတူ ပညာသင်ကြားခွင့်ရရှိရေးအတွက် ရန်ကုန် မျက်မမြင်ကျောင်းမှာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ဇွန် ၂၁က ပြုလုပ်ခဲ့ပါတယ်။ မသန်စွမ်းကလေးငယ်တွေ သီးသန့်ကျောင်းတွေ မှာပဲ တက်ရောက်ခွင့်ရှိနေတာကို ပယ်ဖျက်ပေးဖို့ ဘာ့ကြောင့် လိုလားတာလဲ။
မသန်စွမ်းကလေးငယ်တွေကို အပြင်ခေါ်ထုတ်သွားရမှာ ရှက်စရာလို့မြင်ပြီး လူတိုင်းနဲ့ တန်းတူပညာသင်ခွင့် မရခဲ့ကြဘူးလို့ မခိုင်စန္ဒာက ပြောပါတယ်။ လူသားတိုင်း မသန်စွမ်းဖြစ်နိုင်တယ်၊ ဒါ့ကြောင့် လူသားတိုင်းရ သင့်တဲ့ အခွင့်အရေးတွေ ရစေချင်တယ်လို့ ဆိုပါတယ်။
လူတိုင်းအကျုံးဝင် ပညာရေး စီမံကိန်းဖြစ်လာအောင် စီစဉ်နေတဲ့ ဧဒင်ရိပ်မြုံက ဦးစီးတဲ့ ဒီအလုပ်ရုံ ဆွေးနွေး ပွဲကို နိုင်ငံရေးပါတီဝင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ မသန်စွမ်းကလေးငယ်တွေ လူမှုအသိုင်းအဝိုင်းထဲ တန်းတူ ပညာသင်ခွင့်ရရှိစေရေးဟာ နိုင်ငံရေးကိစ္စတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့ နိုင်ငံဖြစ်တာကြောင့် မသန်စွမ်းကလေးငယ်တွေကို အခြား ကလေးငယ်တွေနည်းတူ ပင်မကျောင်းတွေမှာ ပညာသင်ခွင့်ရှိစေချင်တယ်လို့ ကိုငြိမ်းချမ်းသန့်စင် က ပြောပါတယ်။ မသန်စွမ်းကလေးတွေက သူတို့အတွက် အထူးကျောင်းမှာ သတ်မှတ်ထား တဲ့ ကျောင်းအရေအတွက် နည်းပါတာကြောင့် ပညာသင်ဖို့ အခွင့်အလမ်း ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ