ဂျာမဏီ တိုက်စစ်မှူး ကလိုဆေးဟာ သွင်းဂိုး ၁၅ ဂိုးနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး စံချိန်တင်ထား တဲ့ ဘရာဇီး တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုရဲ့ စံချိန်ကို အမီလိုက်နိုင်သွားပါတယ်။
အသက် ၃၆ နှစ်အရွယ် ကလိုဆေးဟာ ဂျာမဏီနဲ့ ဂါနာ ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ တဂိုးသွင်းယူပြီး စံချိန်တင် လိုက်တာပါ။ ဒီဂိုးကြောင့် ဂျာမဏီဟာ အရှုံးရလဒ် နဲ့ ရှောင်လွဲနိုင်တာ ဖြစ်ပါတယ်။
လာဇီယိုအသင်း တိုက်စစ်မှူး ကလိုဆေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ခုစလုံးမှာ ပါဝင် ကစားခွင့်ရတဲ့ တတိမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
DVB

မှတ်ချက်များ