ဒဏ်ရာရ ခြေင်္သေ့မကို ကုသပေးခြင်း


ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့တုန်းက အသက် ၁၁ အရွယ် ဆီးနယ်လို့ အမည်ရှိတဲ့ ခြင်္သေ့မ ဟာ ကျွဲတကောင် က ဂျိုနဲ့ ခတ်လိုက်လို့ တင်ပါးမှာ အရေပြား ပြဲလန်သွားပြီး ဒဏ်ရာရနေတယ်ဆိုတဲ့ သတင်းစကားကို ကင်ညာနိုင်ငံ က အုပ်ချုပ်ရေး တာဝန်ရှိသူ တဦးက လက်ခံရရှိခဲ့ပါတယ်။

အဲဒီနောက် ဒီ ခြင်္သေ့မ ဒဏ်ရာကို ကုသဖို့ စီစဉ် လိုက်ပါတော့တယ်။

ဒါနဲ့ ဒဏ်ရာရနေတဲ့ ခြေင်္သေ့မ ရှိရာ ကို ကင်ညာနိုင်ငံ သဘာဝ တောရိုင်း တိရိစ္ဆာန် ကာကွယ်ရေးအဖွဲ့ က ဆေးကုသမယ့်သူတွေနဲ့ အတူ သွားကြပါတော့တယ်။

ဒဏ်ရာရနေတဲ့ ခြင်္သေ့မ ကို တွေ့တာနဲ့ မေ့ဆေး သေနတ်နဲ့ ပစ်ပြီး ဒဏ်ရာကို အဲဒီနေရာမှာ ကုသ၊ ဆေး ထည့်၊ ပြန်ချုပ်ပြီး ဒဏ်ရာ ကို ပျောက်ကင်းစေခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို မှတ်တမ်း တင်ထားတာဖြစ်ပါတယ်။

ကမ္ဘာမြေမှာ အတူနေကြသူချင်း အခုလို ထိခိုက် ဒဏ်ရာ ရသူ တိရိစ္ဆာန်တကောင်ကိုတောင် ကုစား စာနာ တတ်တဲ့ ဖြစ်ရပ်ဟာ ကမ္ဘာမြေကို အသက်ပိုရှည်စေတဲ့ ယဉ်ကျေးမှု မြင့်မားမှု ပြယုဂ်ပါဘဲ။



အိမ့်သံစဉ်

မှတ်ချက်များ