ဝက်သားနဲ့သရက်သီးသနပ် လိုက်ဖက်တဲ့ဟင်းလျာလေးကို ဘယ်လိုချက်ကြမလဲ
ဂျပန့်ခေတ်တုန်းက ဗိုလ်ချုပ်အောင်ဆန်း စစ်ရုံးအဖြစ် ရုံးထိုင်ခဲ့တဲ့ ပဲခူးကလပ်နားက အဆောက်အ အုံဟောင်းဟာ အခုတော့ House of Memories ဆိုတဲ့နာမည်နဲ့ စားသောက်ဆိုင် ဖွင့်ထားပါတယ်။ ဒီဆိုင်မှာ ဝက်သားနဲ့ သရက်သီးသနပ်ကို လိုက်ဖက်အောင်ချက်ထားတဲ့ လက်ရာလေး လက်တို့ချင်ပါတယ်။
ဝက်သားနဲ့သရက်သီးသနပ်ကို လိုက်ဖက်အောင် စားဖိုမှူး စောခူဆဲကိုယ်တိုင် လက်တွေ့ချက်ပြုတ်ပေးသွား မှာပါ။ ပြင်ဆင်ရမှာကတော့ ဝက်သား ၂ဝကျပ်သား၊ ဆီ နှစ်ဇွန်း၊ လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ပါ တဲ့ဆား၊ ကြက်သွန်နီ ၁ဝသား၊ ကြက်သွန်ဖြူနည်းနည်း၊ ကြက်သားမှုန့် ၂ဇွန်း၊ ချင်းနည်းနည်း၊ သရက်သီးသ နပ် ထမင်းစားဇွန်း ၂ဇွန်း၊ သကြားအနည်းငယ်နဲ့ ရေကို လိုသလောက်သုံးဖို့ ပြင်ထားပါ။
ကဲ … စချက်ပါတော့မယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို နုတ်နုတ်စင်းပါ။ ဝက်သားကို အဆင်ပြေသလို လှီးပြီး ကြက်သားမှုန့်၊ ဆား၊ ငံပြာရည်နဲ့နယ်ထားပါ။ သကြားကို အိုးထဲထည့်ပြီး အရောင်ယူပါ။ ပြီးရင်တော့ ဆီနဲ့ထောင်းထားတဲ့ ကြက်သွန်ဖြူ။ ချင်းနဲ့ ကြက်သွန်နီကို ဆီသတ်ပါ။
ဆီသတ်ထားတဲ့ ကြက်သွန်တွေ အနံ့တက်လာရင်တော့ ဝက်သားကို သရက်သီးသနပ်နဲ့ရောထည့်ပါ။ ၃မိနစ်လောက် မွှေပြီးရင် ရေကိုလိုသလောက်ထည့်ပါ။ ၁၅မိနစ်ကြာရင်တော့ ဝက်သားသရက်သီးသနပ် ဟင်း ရပါပြီ။
ဒီဟင်းချက်ရာမှာ သတိပြုရမယ့်အချက်တွေကို စားဖိုမှူး စောခူဆဲက ရှင်းပြပေးမှာပါ။
kamayutmedia

မှတ်ချက်များ