ပြိုင်ပွဲနှင့် လွဲချော်ခဲ့သော ရီဘာရီအတွက်ကြိုးစားမည်ဟု ပြင်သစ်နောက်ခံလူ ကိုစီရယ်နီပြော


ပြင်သစ်နောက်ခံလူ ကိုစီရယ်နီက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရီဘာ ရီဒဏ်ရာကြောင့် ကမ္ဘာ့ဖလားကို လွဲချော်ခဲ့၍ အသင်းအတွက်ခက် ခဲမည်ဖြစ်သော်လည်း ရီဘာရီအ တွက် ရည်မှန်းကာချန်ပီယံဆုအ တွက် တိုက်ပွဲဝင်သွားဖြစ်ကြောင်း ပြောကြားလိုက်သည်။

ရီဘာရီသည် နည်းပြဒက်စ် ချမ့်၏ ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ဒဏ်ရာ ကြောင့် ပြိုင်ပွဲမတိုင်မီနုတ်ထွက်ခဲ့ရသည်။

‘‘ရီဘာရီ ဒဏ်ရာကြောင့် မ ပါဝင်နိုင်တာဟာ ပြင်သစ်အတွက် ထိုးနှက်ချက်တစ်ခုပါပဲ။ သူဟာ အမြဲတမ်း ပြင်သစ်အတွက်အား ကြိုးမာန်တက် ကစားလေ့ရှိပါ တယ်။ ရီဘာရီမပါဝင်နိုင်ပေမယ့် သူ့အတွက် ကမ္ဘာ့ဖလားရယူပေး ဖို့ ကြိုးစားသွားမှာပါ’’ဟုအာဆင် နယ်နောက်ခံလူ ကိုစီရယ်နီကဆို သည်။

ကိုစီရယ်နီက ဟွန်ဒူးရပ်စ် နှင့် ရင်ဆိုင်ရမည့်အုပ်စုအဖွင့်ပွဲ စဉ်တွင် ရလဒ်ကောင်းရရှိမည်ဟု ယုံကြည်နေသည်။

7daydaily

မှတ်ချက်များ