ဖေ့ဘွတ်ပေါ်က ပိုစ့်ရိုက်ချက်ကြမ်းကြမ်းတွေက နာမည်ကြီးချင်လို့ လုပ်တဲ့စိတ်မျိုးလုံးဝမရှိပါဘူးလို့ဆိုတဲ့ ဝါဆိုမိုးဦး

သရုပ်ဆောင်ဝါဆိုမိုးဦးကို အနုပညာလှုပ်ရှားမှုနဲ့အတူ၊ လတ်တလော မှာ ဖေ့ဘွတ်ပေါ်ကသူမရဲ့ဓာတ်ပုံတွေ နဲ့ ပတ်သက်လို့ ပရိသတ်တွေ ရဲ့ ဝေဖန်ပြောဆိုမှုတွေ များနေတာနဲ့ပတ်သက်ပြီးတော့ မေးဖြစ်ခဲ့ တာကတော့ “ဝါဆို အဓိကပြောချင်တာကတော့ ဝါဆိုကိုချစ်တဲ့ပရိ သတ်တွေ မမုန်းစေချင်ပါဘူး။

နိုင်ငံတကာမှာ အနုပညာရှင်တိုင်းဟာ ကိုယ်တီထွင်မှုနဲ့ ကိုယ်ဝတ်နေ ကြပြီ။ အဓိက ဝါဆိုပြောချင်တာက ဝါဆိုက ဖက်ရှင်ကို အရမ်းနှစ် သက်ပြီး ရူးသွပ်တဲ့သူတစ် ယောက်ပါ။ ဝါဆို ဝတ်စားဆင်ယင်မှုမှ မဟုတ်ပါ ဘူး။ လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုကိုကြည့် ပြီးတော့ သူ့ရဲ့အကျင့်သိက္ခာကို မဆုံးဖြတ်ပါနဲ့။

သူ့ရဲ့ဝတ်စားထားပုံက ဟော့ရှော့ ဖြစ်ပေမယ့်လို့ လူတစ်ယောက်ရဲ့ရိုးသားဖြူစင်မှုနဲ့ မိန်းကလေးတစ် ယောက် ရဲ့ကျင့်ဝတ်တွေ နဲ့ ပြည့်စုံတဲ့သူတွေ အများကြီးရှိပါတယ်။

အခုလို ဝေဖန်မှုတွေဖြစ်သွားခဲ့တာကလည်း ဝါဆိုမွေးနေ့အတွက်ရိုက်ထားတဲ့ ပုံတစ်ပုံရှိပါတယ်။ အမည်းရောင်လေးနဲ့ရိုက်ထားတာ။ အဲဒီ့ပုံကိုကြည့်ပြီး သဘောကျတဲ့သူကလည်း သဘောကျကျပြီး၊ သဘောမကျပဲ ဝေဖန်တဲ့သူတွေကလည်း ရှိပါတယ်။ အဲဒီ့သဘောကျတဲ့သူတွေရော၊ သဘောမကျ တဲ့သူတွေ အကုန်လုံးကို ဝါဆိုကျေးဇူးတင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပုံစံဝတ်စားပြီးရိုက်ခဲ့တာက ဝါဆိုရဲ့အကျီဖက်ရှင်ပုံစံတစ်ခုကို ပြချင်တာရယ် ၊ နောက်ပြီး ပရိသတ်ကိုအသစ်အဆန်းလေး ဖြစ်အောင် လို့ချပြချင်တာကြောင့်ပါ။ နံမည်ကြီးချင်လို့ လုပ်တဲ့စိတ်မျိုးလုံးဝမရှိပါဘူး”လို့ သူမကဖွင့်ဟပြောပြခဲ့ပါတယ်။

စန္ဒီ | Trend Myanmar

မှတ်ချက်များ