ပြည်ပရောက်လုပ်သားများအားကာကွယ်မည့်ဥပဒေပြုရေးအဆို ရှုံးနိမ့်ခြင်းအတွက် လွှတ်တော်ကိုရှုတ်ချမည်


ပြည်ပရောက်မြန်မာ အလုပ်သမားများအား အကာအကွယ်ပေးနိုင် သည့် နိုင်ငံခြား ရောက်မြန်မာအလုပ်သမားများဆိုင်ရာအထူး ဥပဒေပြဋ္ဌာန်းရေးအဆိုကို ပြည်သူ့လွှတ်တော် ကပယ်ချ လိုက်သောကြောင့် မြန်မာ လုပ်သားများအများစုသွားရောက် လုပ်ကိုင်သော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများနှင့် မလေး ရှားနိုင်ငံရောက် မြန်မာလုပ်သားများက ဆန္ဒပြရှုတ်ချသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။

ပြည်ပရောက်မြန်မာလုပ် သားများ ဘဝလုံခြုံရေးအတွက် အကာအ ကွယ်ပေးနိုင်သည့် နိုင်ငံ ခြားရောက်အ လုပ်သမားများဆိုင် ရာအ ထူးဥပဒေကို သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဇွန်လ ၉ ရက်တွင် အဆိုတင် သွင်းခဲ့ရာ ထောက်ခံမဲငါးမဲဖြင့် ရှုံးနိမ့်ခဲ့သည်။

ထိုဥပဒေတင်ပြရခြင်းသည် နိုင်ငံခြားရောက်မြန်မာလုပ်သား များပြဿနာတစ်စုံတစ်ရာဖြစ် ပွားပါက မြန်မာ သံရုံးသို့တိုင်ကြား သော်လည်း သံရုံးကတာဝန်ယူဖြေ ရှင်းမပေးခြင်းကြောင့် အဆိုပါ ဥပဒေကို လွှတ်တော် တွင်တင်ပြ ရခြင်းဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောသည်။

‘‘ဒီဥပဒေပြဋ္ဌာန်းလိုက်လို့ လွှတ်တော်အမတ်တွေမှာ ဘာ အကျိုးဆုတ်ယုတ်သွားလို့လဲ။ ဒီ ဥပဒေပြဋ္ဌာန်းတာ ကို ဘာလို့လက် မခံရတာလဲဆိုတာ နားမလည် ဘူး။ ကျွန်တော်တို့မှာ ကိုယ့်နိုင်ငံ မှာအဆင်မပြေလို့ သူများနိုင်ငံမှာ ကျွန်ခံပြီး အလုပ်လုပ်နေရတာ။ ဒါကို သူတို့က နားမလည်ဘူး။ လွှတ်တော်ကိုကန့်ကွက် သွားမယ်။ ရှုတ်ချသွားမယ်။ မြန်မာပြည်မှာရှိနေတဲ့အမျိုးတွေကိုလည်း ကန့်ကွက်မှုတွေလုပ်ခိုင်းသွားမယ်’’ဟု မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် သွားရောက်လုပ်ကိုင်နေသည့်ကိုမျိုးညွန့်ကပြောသည်။

ထိုင်းနိုင်ငံသို့သွားရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံ သားသုံးသန်းကျော်ရှိပြီး မလေး ရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်သော မြန်မာနိုင်ငံသားသုံးသိန်း ကျော်ရှိသည်။ ၎င်းတို့ပြဿနာ တစ်စုံတစ်ရာဖြစ်သွားပါက ထို နိုင်ငံများရှိ မြန်မာသံရုံးမှ တာဝန် ရှိသူများက အကာအကွယ်မပေး ကြောင်း ထိုင်းနိုင်ငံနှင့်မလေးရှား နိုင် ငံရောက် မြန်မာများကပြော သည်။

‘‘ဒီမှာကပြဿနာတွေမနည်း ဘူး။ ထိုင်းမှာမြန်မာတွေဖမ်းဆီးခံ ရတာက သတင်းမဟုတ်တော့ဘူး။ရိုးနေပြီ။ ဒါကို အစိုးရကလည်း ဖြေရှင်းပေးမယ့်ဥပဒေမထုတ်ဘူး။လွှတ်တော်မှာအဆိုတင်သွင်းတာ တောင်မှ ပယ်ချခံရတယ်။ လွှတ် တော်က ပြည်တွင်းမှာနေတဲ့သူ တွေအတွက်ပဲလား။ ပြည်ပမှာ သွားနေတဲ့ မြန် မာတွေအတွက် အသုံးမဝင်ဘူးလားဆိုတာမေး ချင်ပါတယ်’’ဟု ထိုင်းနိုင်ငံတောင် ပိုင်း ဖန်ငခရိုင်တွင် သွားရောက် လုပ်ကိုင်နေသော ကိုမြင့်ဦးက ပြောသည်။

‘‘ထိုင်းကိုလွှတ်ထားတဲ့သံမှူး၊သံအမတ်၊ အလုပ်သမားသံအရာ ရှိဟာ အလုပ်သမားကိစ္စတွေကို ဘယ်ကစ လို့စရမှန်းမသိဘူး။ နား လည်းမလည်ပါဘူး။ နားလည် အောင်လည်းမကြိုးစားဘူး။ ဒီလို မသိတဲ့၊ မတတ် တဲ့ဝန်ထမ်းတွေကို မြန်မာအလုပ်သမားဝန်ကြီးနဲ့ ဦးသိန်းစိန်တို့က တာဝန်ပေးထား တယ်’’ဟု ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)အမှုဆောင်ဒါရိုက်တာဦးကျော်သောင်းကပြောသည်။

ငြိမ်းချမ်း | 7daydaily



မှတ်ချက်များ