လှည်းတန်းခုံးကျော်တံတားမှ ဘလောက်တုံးများကို ယာဉ်တစ်စီး အရှိန်ဖြင့်တိုက်မိ၊ ထိခိုက်ဒဏ်ရာရသူမရှိ


လှည်းတန်းခုံးကျော် တံတားပေါ်မှ အရှိန်ဖြင့်ဆင်းလာ သည့် ကားတစ်စီးသည် လမ်း လယ်မှဘလောက် တုံးများကို အရှိန်ဖြင့်ဝင်တိုက်ခဲ့သော်လည်း ကားပေါ်ပါသူများ ဒဏ်ရာမရရှိခဲ့ ကြောင်း သတင်းရရှိသည်။

ကမာရွတ်မြို့နယ်၊ ပြည် လမ်းမပေါ် လှည်းတန်းခုံးကျော် တံတားအဆင်းတွင် အရှိန်ဖြင့် မောင်းနှင်လာသည့် မစ်ဆူဘီရှီ ဒယ်လီကာ အမျိုးအစားကုန်တင်ယာဉ်တစ်စီးသည် ဇွန်လ ၁၄ ရက်နံနက် ၁၁ နာရီက လမ်းကြောကာထားသည့် ကွန်ကရစ်ဘလောက်တုံးငါးတုံးကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

‘‘ပုံးကားက အရှိန်နဲ့မောင်း လာပြီး ဝုန်းဆိုတိုက်လိုက်တာ ကွန်ကရစ်တုံးတွေ လွင့်ထွက်ကုန် တယ်။ ကားကတော့ မမှောက် ဘူး။ လမ်းအလယ်မှာ ကန့်လန့် ကြီးဖြစ်နေတယ်။ ကားပေါ်ပါလာ တဲ့ လူနှစ်ယောက်စလုံး ဘာမှမဖြစ်လို့တော်သေးတယ်’’ဟု ယာဉ်တိုက်မှုကိုတွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ချိန်တွင် အသက်ကယ်လေအိတ် ထွက်လာ ပြီး ယာဉ်မောင်းကို ဒဏ်ရာမရ အောင် ကာကွယ်လိုက်နိုင်သကဲ့ သို့ ခေါင်းခန်းတွင်လိုက်ပါလာသူ အမျိုးသားနောက်တစ်ဦးမှာ လည်းဒဏ်ရာ မရခဲ့ပေ။

၂၀၁၃ ခုနှစ် ဧပြီ လှည်း တန်း ခုံးကျော်တံတားဖွင့်ချိန်မှ စ၍ ယခုတစ်နှစ်ကျော်အတွင်း ယာဉ်တိုက်မှု (၁၀)ကြိမ်ခန့်ဖြစ် ပွားခဲ့ပြီး တံတားအတက်လမ်း ညွှန်ဆိုင်းဘုတ်ကို ကားတစ်စီးကဝင်တိုက်မိ၍ပျက်စီး ခဲ့သော်လည်း ငါးလခန့်ကြာသည့်တိုင် ပြန်လည် မပြင်ဆင်နိုင်သေးကြောင်း တွေ့ ရှိရသည်။

7daydaily

မှတ်ချက်များ