ဒါရိုက်တာ မိုက်တီးရိုက်တဲ့ “မာကြီးရှည်” ရုပ်ရှင်ကား ထဲမှာ အဆိုတော် ဘိုဖြူရဲ့ အဖြူရောင် သံစဉ်ကို ခွင့်ပြုချက်မတောင်းဘဲ သုံးထားပါတယ်။ အခုတော့ ဘိုဖြူက လပ်ကီး ဆဲဗင်းကုမ္ပဏီကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေတစ်ဆင့် လျော်ကြေးတောင်း ပါတော့မယ်။
“ကျွန်တော်တို့ ဂီတသမားတွေ အခုလိုခံနေရ တာ တော်တော်များနေပြီ။ ရုပ်ရှင်လည်းသိပ်မ ကြည့်တော့ ကိုယ့်သီချင်းတွေကို ဘယ်လိုသုံး တယ်ဆိုတာလည်း မသိရဘူး။ ဒီသီချင်းကို အောင် ပန်းကကျွန်တော့သူငယ်ချင်း သက်နိုင်ဦးက ရေးတာပါ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၂ဝဝ၆ခုနှစ်ကတည်း က တောင်ကြီးမှာဆိုခဲ့တယ်။ အောင်မြင်မှုလည်း ရခဲ့တယ်”လို့ အဆိုတော် ဘိုဖြူက ဇွန်လဆိုပါတယ်။
ဘိုဖြူရဲ့သီချင်းကို ခွင့်ပြုချက်မတောင်းဘဲ သုံးစွဲခဲ့တဲ့အပေါ် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ကိုဇော် ထူးအောင် (CMP)က အဆိုတော်နဲ့ ရုပ်ရှင်ကုမ္ပဏီ တွေ့ဆုံညှိနှိုင်းခဲ့ပြီးပေမယ့် ဂီတအနုပညာရှင်တွေဘက် က တောင်းဆိုတဲ့ နစ်နာကြေးကို မပေးနိုင်ခဲ့ဘူးလို့ ရှင်းပြပါတယ်။
“ဒီသီချင်းက ဆင်ဆာထဲမှာ မပါဘူးလို့ ပြောတယ်။ အဲဒီအတွက် ရုပ်ရှင်ဆင်ဆာအဖွဲ့ကိုလည်း သဘောထား မှတ်ချက် တောင်းထားတယ်။ ကျွန်တော်တို့ အဲဒီလောက်အထဲပဲ ပြောလို့ရဦးမယ်”လို့ ကိုဇော်ထူးအောင် (CMP) က ဆိုပါတယ်။
ဆင်ဆာအဖွဲ့ရဲ့ သဘောထားမှတ်ချက်ရပြီးတဲ့အခါမှာတော့ ဂီတအစည်းအရုံးအနေနဲ့ အနုပညာရှင်တွေ ဘက်က လုပ်ဆောင်လိုတဲ့အရာတွေကို ကူညီဆောင်ရွက်ပေးသွားမယ်လို့ ကိုဇော်ထူးအောင်က ဆက်ပြီးပြောပါတယ်။ ။
လပြည့်၊ Free Wings | kamayutmedia

မှတ်ချက်များ