ရွှေမြန်မာလေကြောင်းလိုင်းရဲ့ မန္တလေး-အင်ဖာ ခရီး
အင်ဖာ ခရီးစဉ်ကို လာမယ့် သောကြာနေ့မှာ ပြန်လည် ပျံသန်းမယ်လို့ သိရပါတယ်။
အင်ဖာမြို့က အိန္ဒိယမြန်မာနယ်စပ် မဏိပူပြည်နယ်မှာ တည်ရှိပါတယ်။ အဲဒီပြည်နယ်က စစ်ကိုင်းတိုင်းနဲ့ ကပ်လျက်ပါပဲ။သောကြာနေ့က ဇွန် ၂၇ ရက်နေ့ ကျပါတယ်။
အပြန်ခရီးက ဇူလိုင် ၃ ရက်နေ့ ကြာသပတေးနေ့ဖြစ်လိမ့်မယ်လို့ မဏိပူအပ်ဒိတ် အွန်လိုင်းသတင်းတပုဒ် မှာ ရေးထားတာ တွေ့ရပါတယ်။
ခရီးသည်တွေကတော့ မဏိပူဒေသကနေ စင်္ကာပူကို သွားမယ့်သူတွေ ဖြစ်ဖွယ် ရှိပါတယ် တဲ့။ ရွှေမြန်မာက စင်္ကာပူကိုလည်း နေ့စဉ် ပျံနေတာပါ။
မန္တလေး – အင်ဖာ ခရီးစဉ် အစပြုမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း အစိုးရသတင်းစာများကို ကိုးကားပြီး ဧရာဝတီမှာ ရေးခဲ့ပါတယ်။
သို့သော်လည်း အဲဒီခရီးစဉ်က ယာယီကာလအတွက်ပဲ ဖြစ်ခဲ့ပုံရပါတယ်။စင်္ကာပူချန်ဂီလေဆိပ်အွန်လိုင်းစာ မျက်နှာမှာတော့ ရွှေမြန်မာဟာ မန္တလေးကနေ နိုင်ငံတကာခရီးစဉ်အတွက် စင်္ကာပူကို ရွေးခဲ့တဲ့ ပထမဆုံး လေကြောင်းလိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
စင်္ကာပူ-မန္တလေးကို ၂၀၁၃ ဧပြီ ကတည်းက ပြေးခဲ့တယ်၊ အခုဆို နေ့တိုင်းအသွားအလာ ရှိတယ်၊ လမ်းမှာ ရန်ကုန်ကို ၀င်တယ်လို့ ဆိုပါတယ်။
Golden Myanmar Airline ကို ပိုင်ဆိုင်သူက KMA Group မှ ဦးခင်မောင်အေး ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီ

မှတ်ချက်များ