ကင်မရွန်းကို ကျော်လွန်၍ အုပ်စုဗိုလ် အဖြစ် တက်ရောက်ခဲ့သည့် ဘရာဇီး

FIFA World Cup 2014 Brasil Team
တဦးချင်း၏ ဘောလုံးစွမ်းရည်က အဆုံးအဖြတ်ပေးသွားသည့်ပွဲဟုပင်ဆိုရပေ မည်၊ ပထမပိုင်း ၁၇ မိနစ်တွင် တိုက်စစ်မှူးနေမာက အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း ၂၆မိနစ်တွင် ကင်မရွန်းမှ မာတစ်က ချေပဂိုးသွင်း ယူခဲ့ပေးခဲ့သည်။

၃၅ မိနစ်တွင် နေမာက ဒုတိယဂိုး ထပ်မံပြီး ဂိုးသွင်းခဲ့ ရာ ပထမပိုင်းတွင် ဘရာဇီးက ၂ ဂိုး ၁ဂိုးဖြင့် အနိုင်ရနေခဲ့သည်။

ဒုတိယပိုင်း ပွဲအစတွင် ဘရာဇီးအသင်းက ပိုမိုတိုက်စစ်ဆင်လာရာ ၄၉ မိနစ်တွင် ဘရာဇီးက ဖရက်ဒ်က လည်းကောာင်း၊ ၈၄ မိနစ်မှာတော့ ဖာနန်ဒင်ဟို ကဘရာဇီးအတွက် ထပ်မံဂိုးသွင်းပြီး ခြေစွမ်းပြခဲ့သည်။

ဘရာဇီးလ်တိုက်စစ်မှူးနေမာသည် ယခု ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဂိုး(၁၀၀)မြောက်ကို ကင်မရွန်းနှင့် ပွဲ တွင် သွင်းယူနိုင်ခဲ့ကြောင်း သိရှိရ သည်။

နေမာသည် ဘရာဇီးလ် အသင်းက ကင်မရွန်းကို အနိုင်ရခဲ့ သည့်ပွဲ၌ ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပထမဆုံးဂိုးမှာ ၂၀၁၄ ကမ္ဘာ့ဖလား ၏ ဂိုး(၁၀၀)မြောက်အဖြစ် မှတ် တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နေ မာမှာ စုစုပေါင်း သွင်းဂိုး(၄)ဂိုးဖြင့် ဂိုးသွင်းဘုရင်စာရင်းကိုလည်း ဦး ဆောင်နိုင်ခဲ့သည်။

အုပ်စု(က)နှင့် (ခ)ပွဲစဉ်များအပြီးတွင် နေမာ၏ နောက်၌ (၃)ဂိုးသွင်းယူထားနိုင် သည့်ကစားသမား (၅)ဦးရှိနေပြီး ဘန်ဇီမာ၊ သောမတ်စ်မူလာ၊ ဗန်ပါစီ၊ ရော်ဘင်နှင့် အန်နာဗလင်စီယာတို့ ဖြစ်ကြောင်းလည်း သိရှိရသည်။

EMG



မှတ်ချက်များ