မြောက်ဦးတွင်တောင်မြေပြိုကျ၍သားမိနှစ်ယောက်သေဆုံး


ရခိုင်ပြည်နယ်မြောက်ဦးမြို့ဗန္ဒုလရပ်ကွက်ရှိယနေ့၂နာ၇ီအချိန်ခန်တွင်တောင်မြေများကိုတူးကာမြေရောင်း စားနေရသောသာမြို့သစ်ရပ်ကွက်မှအသက် ၄၀ခန့်မိန်းမတဦးနှင့်၎င်း၏သားငယ်ဖခင်တို့မိသားစုမြေ တူးနေကြစဉ် နကမိုးများစွာ၇ွာသွန်းထားသောအရှိန်ကြောင့်မြေပြိုကျ လာစဉ်ဖခင် ကလွတ်မြောက်သွားပြီး မိခင်နှင့် ၄နှစ်သားကလေးငယ်တို့မှာမြေပိ၍သေဆုံးသွာခဲ့ရပါသည်။

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့တွင် ယနေ့ နေ့လည် (၂)နာရီအချိန်က တောင်ပြိုကျရာမှ မြေပိပြီး မိခင်ဖြစ် သူနှင့် လေးနှစ်အရွယ် သူမ၏သားမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ မြောက်ဦး မြို့သစ်ရပ်ကွက်မှ ဒေါ်စံအေးသာ(အသက် ၄၃ နှစ်)နှင့် သားဖြစ်သူမောင်မောင် (အသက် ၄ နှစ်)တို့ဖြစ်ကြောင်း သိရသည်။

ယင်းသေဆုံးသူ သားအမိမှာ မြောက်ဦးမြို့ဗန္ဓုလဘုန်းကြီးကျောင်း အနီးရှိ စည်ကားတောင်၌ မြေတူးနေ စဉ် တောင်ပြိုကျကာ မြေပိ၍သေဆုံးသွားခြင်း ဖြစ်ကြောင်းမြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိ သူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။


“သားမိတစ်စု စည်ကားတောင်မှာ မြေတူးနေတုန်း တောင်ပြိုကျလို့ လေးနှစ်သားအရွယ် ခလေးနဲ့အမေဖြစ် သူကတော့သေသွားတယ်။အဖေဖြစ်တဲ့သူနဲ့အသက်(၁၂)နှစ်အရွယ်သမီးတစ်ယောက်ကျန်ခဲ့တယ်” ဟု သူက ဆိုသည်။

ယင်းသို့ တောင်ပြိုစဉ် လင်ယောင်္ကျား ဖြစ်သူမှာ မြေတောင်းကို ပို့ဆောင်နေ၍ ထိခိုက်မူ တစ်စုံတစ်ရာ မရှိသော်လည်း သမီးဖြစ်သူ မမေခလာမှာ ဒဏ်ရာများရရှိသဖြင့် မြောက်ဦးမြို့နယ် ဆေးရုံတွင် ကုသနေရကြောင်း သိရသည်။

သေဆုံးသူများ၏ အလောင်းများကိုယနေ့သဂြိင်္ုဟ်သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ်နာရေးကူညီမှု အသင်း တာဝန်ရှိသူတစ်ဦးမှ ပြောဆိုသည်။



မျိုးဇော်လင်း
shwemyanmarmedia

မှတ်ချက်များ