မန္တလေးတွင်ပြုလုပ်မည့် စည်သူလွင်တစ်ကိုယ်တော်ပွဲ မိုးကုန်မှ ကျင်းပမည်
အဆိုတော်စည်သူလွင် ၏ မန္တလေးမြို့တွင် ကျင်းပရန်ရှိ သည့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မိုးရာသီကုန်မှ သာ ကျင်းပနိုင် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
‘‘မန္တလေးအတွက်က မိုးတွင်းရောက်သွားတာဆိုတော့ စီ စဉ်လို့မဖြစ်သေးဘူး။ ရှေ့လာမယ့်ပွင့်လင်းရာ သီရောက်ရင်တော့ ပွဲလုပ်ဖို့ပြန်ပြီး ညှိနှိုင်းမှာပါ’’ ဟုစည်သူလွင်ကပြောသည်။
လတ်တလောတွင် လာ မည့် ၂၀၁၅ချစ်သူများနေ့အထိမ်း အမှတ်၌ ထွက်ရှိနိုင်ရန်အမျိုးသမီးအဆိုတော် များနှင့် စုံတွဲတေး စီးရီးတစ်ခုစီစဉ်လျက်ရှိပြီး သီချင်း များစတင် စုဆောင်းနေပြီဖြစ်ကြောင်း ၎င်းကပြော သည်။
‘‘ကျွန်တော်တစ်ယောက် တည်းနဲ့ အမျိုးသမီးအဆိုရှင်တွေ ပါမယ့် စုံတွဲခွေတစ်ခွေစီစဉ်နေပါ တယ်။ သီချင်းတွေရွေးနေတုန်းဆို တော့ ဘယ်သူတွေပါမယ်ဆိုတာ အတိအကျပြောလို့မရသေးဘူး။ သီချင်းနဲ့ လိုက်ဖက်မယ့်သူတွေကို ရွေးချယ်သွားမှာပါ’’ဟု ၎င်းက ပြောသည်။
ချစ်သူများနေ့အတွက် ရည် ရွယ်သည့် သီချင်းခွေဖြစ်သော ကြောင့် အချစ်သီချင်းများသာပါဝင်မည်ဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည့် စုံတွဲသီချင်းများကိုသီ ဆိုမည်မဟုတ်ဘဲ သီချင်းအသစ် များဖြင့် စီစဉ်သွား မည်ဟု ၎င်းက ပြောသည်။
လာမည့်နှစ်တွင်ဂီတသက်တမ်းနှစ်၂၀ပြည့်မည့် စည်သူလွင်ဒုတိယအကြိမ်မြောက်တစ်ကိုယ်တော်ဖျော်ဖြေ ပွဲကို မေလ ၁၀ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့ရာ ပရိသတ်အားပေး မှုရရှိခဲ့သည်။
ဇွဲဉာဏ် | 7daydaily

မှတ်ချက်များ